၀ဥဟာ နှစ်ရှာခံ ပျော့ပင်မျိုးဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ် နဲ့ အရိပ်အာဝါသကောင်းတဲ့ နေရောတွေ၊ အစိုးဓါတ်ကောင်းတဲ့ နေရာတွေမှာ သဘာဝအတိုင်းပေါက်ရောက်လေ့ရှိပါတယ်။

Elephant-Foot-Yam-Cultivation

ဝဥဟာ ဆေးဖက်ဝင် သစ်ဥသစ်ဖု ဖြစ်သလို စာသောက်ကုန်အမျိုးမျိုးကိုလည်း ထုတ်လုပ်စားသုံးနိုင်တဲ့အတွက် နိုင်ငံခြားထိ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဝဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြရရင်တော့

နှလုံးရောဂါ ကင်းဝေးစေမယ့်အပြင် ဝဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အဆီပါဝင်မှုနည်းတဲ့အစားအစာဖြစ်သလို ကိုလက်စထရော ပါဝင်မှုများလို့ ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြော ပိတ်တာကို သန့်စင်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါကင်းဝေးစေမှာပါ။

မဂ္ဂနီဆီယမ်၊ ဖော့စဖောရ်စ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ တခြားအဟာရဓါတ်တွေများစွာပါဝင်လို့ မှတ်ဉာဏ်ကိုကောင်းမွန်စေသလို အာရုံ စူးစိုက်မှုကို အားကောင်းစေပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပေးနိုင်ပါတယ်။ အခုလို ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ အသည်းအဆီဖုံးတာမျိုးမဖြစ်စေဘဲ အသည်းကို ကျန်းမာစေမှာပါ။

ရေမှာပျော်ဝင်နိုင်ပြီး ဖောင်းပွမှုအားကောင်းတယ် ဒါ့ကြောင့် စားသုံးသူကို ဗိုက်ပြည့်စေပြီး အဆာခံနိုင်ပါတယ်။ ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန်မှန်ပြီး ကျန်းမာစေမှာပါ။

plant-of-elephant-foot-yam

ကင်ဆာဖြစ်စေတဲ့ Carcinogens ကို တိုက်ဖျက်ပေးနိုင်တဲ့ Diosgenin ပါဝင်ပါတယ်။ ကာဘွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်လည်းပါဝင်ပြီး သင့်ရဲ့ စွမ်းအင်တွေကို မြင့်တင်ပေးပါတယ်။

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။

အင်ဆူလင်ပမာဏပါဝင်မှုနည်းလို့ သွေးတွင်းသကြားဓါတ်ကိုလျှော့နည်းစေပြီး သကြားဓါတ်ကို စုပ်ယူဖယ်ရှားပေးနိုင်တဲ့အတွက် ဆီးချို သွေးချို ရောဂါ ကာကွယ်ပေးနိုင်ပါတယ်။

ဟော်မုန်းကိုလည်း ညီမျှစေပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

ဝဥမှာ အဟာရဓါတ်တွေ မြင့်မားစွာပါဝင်နေလို့ စားသုံးသင့်ပါတယ်။