စအိုပြဿနာဆိုတာဟာ လူကြီးလူငယ် ကျားမ မရွေး ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဒီလိုပြဿနာတွေ ကြုံတွေ့လာရပြီဆိုရင် စိတ်ညစ်မနေဘဲ၊ စိတ်မဆင်းရဲစေဖို့အတွက် အိမ်မှာပဲ သက်သာပျောက်ကင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိတာကြောင့် အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

၁၀။ အိပ်စက်အနားယူခြင်း

အိပ်ရာထက်မှာ သက်သက်သာသာ လဲှလျောင်းနေခြင်းက သွေးလိပ်ခေါင်းရောဂါခံစားနေရသူတွေအတွက် အသင့်တော်ဆုံးပါ။ ထိုသို့နေခြင်းက တင်ပါးဆုံရိုးဝန်းကျင်နှင့် စအိုဝနားက နာကျင်မှုတွေကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

ဘေးတစ်ဖက်စောင်းပြီး လှဲလျောင်းခြင်းက အသင့်တော်ဆုံးအနေအထားဖြစ်တာကြောင့် ဘယ်ဖက်နှင့် ညာဖက်ကို ညီမျှအောင် လှည့်ပေးပါ။

၉။ ရှားစောင်းလက်ပတ်

ဒီရောဂါ စတင်ခံစားရတဲ့အချိန်မှာ ကြိုတင်ကုသဖို့အတွက် အကောင်းဆုံးကုသမှုတစ်ခုဖြစ်ပြီး ခံစားရတာကြာလာတဲ့အခါမှာလည်း မသက်မသာဖြစ်ခြင်း၊ နာကျင်ခံစားရခြင်းတို့ကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ကို သောက်သုံးနိုင်သလို ဆေးအနေနဲ့လည်း လိမ်းပေးနိုင်ပြီး နာကျင်မှု၊ ရောင်ရမ်းမှု၊ သွေးထွက်တာတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း အနည်းဆုံး နာရီဝက်ကြာတဲ့အထိ ထားပေးပါ။

၈။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ Anti-inflammatory အစွမ်းသတ္တိကြောင့် သွေးလိပ်ခေါင်းရောဂါ ခံစားလာရပြီဆိုရင် ကြက်သွန်ဖြူကို အသုံးပြုတတ်ကြပါတယ်။ သွေးကြောတွေအတွင်းက ကူးစက်မှုတွေကို အပြီးအပြတ်ဖျက်စီးနိုင်ပြီး နောက်ဆက်တွဲရောင်ရမ်းမှုတွေကို ဖယ်ထုတ်ပစ်နိုင်ပါတယ်။

၇။ ပွပွယယရှိတဲ့ ချည်ထည်အဝတ်အစားများကို ဝတ်ဆင်ပါ

သွေးလိပ်ခေါင်းရောဂါခံစားနေချိန်မှာ ချည်ထည်နှင့်လုပ်ထားတဲ့ အဝတ်အစားများကို ဝတ်ဆင်ပါ။ ချည်ထည်အဝတ်အစားတွေက လေဝင်လေထွက်ကောင်းစေပြီး Sensitive အသားအရေများကို သက်သာစေပါတယ်။ အောက်ခံဘောင်းဘီကိုလည်း နေ့တိုင်းလဲပေးဖို့ အရေးကြီးပါတယ်။

ထို့အပြင် ညအိပ်တဲ့အခါမှာလည်း အသားအရေ အသက်ရှူဖို့ အခန်းရှိအောင် အရမ်းတင်းကြပ်တဲ့ အဝတ်အစားတွေ ဝတ်ပြီးမအိပ်မိအောင် သတိထားပေးပါ။

၆။ ဖိုက်ဘာဓာတ်များများစားပါ

အူသိမ်အူမ ချောချောမွေ့မွေ့အလုပ်လုပ်ဖို့အတွက် ဖိုက်ဘာဓာတ်ကြွယ်ဝတဲ့ ပေါင်မုန့်၊ အသီးအနှံ၊ ဆီးသီးခြောက်၊ အုတ်ဂျုံ၊ ပန်းဂျုံ၊ မုယောစပါးတို့နဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။

ဖိုက်ဘာဓာတ်က ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးကိုလက်စထရောပမာဏကို ပုံမှန်ပြန်ဖြစ်စေပါတယ်။

၅။ ရေကူး၊ လမ်းလေ ျှာက်၊ အပြေးလေ့ကျင့်ခန်းတွေလုပ်ပါ

တနေကုန် တနေခမ်း ထိုင်ရာကမထ အလုပ်လုပ်ရတဲ့ သူတွေဟာ သွေးလိပ်ခေါင်းရောဂါဖြစ်လို့ ရာခိုင်နှုန်းများသူတွေပါ။ သွက်လက်လှုပ်ရှားနေဖို့နဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ဆိုတာ အချိန်တိုင်းမှာ အလွန်အရေးကြီးပါတယ်။

လုပ်တဲ့အခါမှာလည်း မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်မိဖို့လိုအပ်ပါတယ်။ အိပ်ရာထဲမှာ အချိန်ပြည့်လှဲနေရတာကို မကြိုက်ဘူးဆိုရင်တော့ လမ်းခဏလေ ျှာက်ခြင်း၊ လေ့ကျင့်ခန်းအနည်းငယ်လုပ်ခြင်းက ဆိုးကျိုးမဖြစ်စေနိုင်ပါဘူး။

၄။ အိမ်သာတက်နေစဉ် စာဖတ်တာတွေမလုပ်ပါနဲ့

အန္တရာယ်ရှိတယ်လို့ မထင်ရပေမယ့်လည်း အိမ်သာခွက်ပေါ်မှာ အချိန်အကြာကြီးထိုင်ခြင်းက လက်ရှိဖြစ်နေတဲ့ သွေးလိပ်ခေါင်းရောဂါကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

၃။ အအေးကပ်ပါ

ရေခဲမှာ အထုံဓာတ်ရှိတာကြောင့် နာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အအေးဓာတ်က သွေးကြောတွေကို ပိုပြီးကျဉ်းသွားစေလို့ သွေးထွက်တာကို သက်သာစေမှာပါ။

ရေအေးအေးထဲမှာ အဝတ် သို့မဟုတ် တစ်သ ျှူးကို စိမ်ပြီး မိနစ်အနည်းငယ်လောက်ကပ်ထားပေးလိုက်ပါ။

၂။ ရေများများသောက်ပါ

တစ်နေကုန်နေလို့မှ ရေနည်းနည်းလေးပဲသောက်ဖြစ်တယ်ဆိုရင်လည်း ဆဲလ်တွေသေစေကာ သွေးလိပ်ခေါင်းဖြစ်လာနိုင်ပါတယ်။ ရေသောက်နည်းတဲ့အခါ သွေးတွေပျစ်လာနိုင်တာကြောင့် ရေဘူးအမြဲဆောင်ထားပါ။

၁။ ဆားပါတဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးပါ

နာကျင်မှုကို ဖယ်ရှားတဲ့အခါနဲ့ရောင်ရမ်းမှုကို သက်သာစေဖို့အတွက် ဆားကို အသုံးပြုနိုင်ပါတယ်။

တည်ထားတဲ့ ရေ ၂-၃ လီတာထဲမှာ ဆား ၅၀၀ ဂရမ်ကို ဖျော်လိုက်ပါ။ စအိုတစ်ဝိုက်က အသားအရေမလောင်ဖို့အတွက် ရေအေးအောင် သေချာလုပ်ပါ။ ကိုယ်ထိုင်လို့အဆင်ပြေမယ့် ဇလုံကြီးကြီးကို အသုံးပြုပြီး ရေအေးသွားတဲ့အထိ ထိုင်ပေးနိုင်ပါတယ်။