[Unicode]

အသားအရေ မလှရင် ဘယ်လောက်ဘဲ မိတ်ကပ်တွေ နဲ့ ဖုံးဖုံး ပြင်ပြင် ကိုယ်စိတ်တိုင်းကျ လှပမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားအရေ လှပဖို့ကလည်း အရေးကြီးပြန်ပါတယ်။

အသားအရေကို ကြည်လင်လှပစေမယ့် အသီးအများအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီအသီးက အသားအရေအတွက် အကျိုးအများကြီးရှိတဲ့ အသီးဖြစ်ပါတယ်။ သူတို့မှာ antioxidnats ဓာတ်တွေ အများကြီးပါဝင်ပြီး အမျှင်ဓာတ်တွေ ကြွယ်ဝကာ ဗီတာမင် အေ နဲ့ စီတို့လည်း ပါဝင်ပါတယ်။

ပန်းသီး

ပန်းသီးကလည်း အသားအရေ လှပဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် အနီရောင် ပန်းသီးကို ရွေးချယ်သင့်ပါတယ်။ သူတို့မှာ collagen ဓာတ် တွေ အများကြီးပါဝင်တာကြောင့် အသက်အရွယ်ကြီးမြင့်လာရင်ဖြစ်တေတ်တဲ့ အသားအရေ တွဲမှုတွေကိုလည်း ကာကွယ်နိုင်ပါတယ

ဖရဲသီး

နွေရာသီဆိုရင်တော့ ဖရဲသီးကတော့ စားမလောက်ပါဘဲ။ သူ့မှာ သဘာ၀ အချိုဓာတ်ပါဝင်တဲ့အပြင် အသီးတစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် အသားအရေ ခြောက်ခမ်းတာတွေကို ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက ပိုတက်ဆီယမ် ဓာတ်တွေ အများကြီးပါဝင်တဲ့ အစားအစာဖြစ်ပြီး ပိုတက်ဆီယမ်က အသားအရေ ရဲ့ စိုစွတ်မှု ကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။ အသားအရေ ခမ်းခြောက်တာက ပိုတက်ဆီယမ် ဓာတ် မလုံလောက်လို့ ဖြစ်ကြတာပါ။ ဒါကြောင့် ငှက်ပျောသီးကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

နာနတ်သီး

နာနတ်သီးကို တချို့ လူမျိုးတွေက ဆေးဘက်ဝင်အပင်အဖြစ်တောင် သတ်မှတ်ကြပါတယ်။ သူ့မှာ bromelain ဆိုတဲ့ အမ်ဇိုင်းပါဝင်တာကြောင့် အသားအရေ ယောင်ယမ်းတာတွေ၊ ဖောင်းနေတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

ကီဝီသီး

ကီဝီသီးတွေမှာ အသားအရေ စိုပြေ လှပဖို့အတွက် အဓိကကျတဲ့ ဗီတာမင်စီ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

အာလူး

ချိုင်းအသားအရေ မည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း အာလူးက ကူညီပေးပါလိမ့်မယ်။ အာလူးကို ပါးပါးလှီးပြီး မည်းနေတဲ့ ချိုင်းနေရာမှာ ၁၀ မိနစ်လောက် ကပ်လိုက်ပါ။ ပြီးရင် ခွာပြီး ရေနွေးပူပူနဲ့ ဆေးလိုက်ပါ။ အာလူးမှာ ပျော့တဲ့ အက်ဆက်အမျိုးအစားတွေ ပါဝင်တာကြောင့် အသားအရေမည်းနေတာတွေကို ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

[Zawgyi]

အသားအေရ မလွရင္ ဘယ္ေလာက္ဘဲ မိတ္ကပ္ေတြ နဲ႔ ဖံုးဖံုး ျပင္ျပင္ ကိုယ္စိတ္တိုင္းက် လွပမႈကို ခံစားရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အသားအေရ လွပဖို႔ကလည္း အေရးႀကီးျပန္ပါတယ္။

အသားအေရကို ၾကည္လင္လွပေစမယ့္ အသီးအမ်ားအေၾကာင္းကို တင္ဆက္ေပးခ်င္ပါတယ္။

ဘလူးဘယ္ရီ

ဘလူးဘယ္ရီအသီးက အသားအေရအတြက္ အက်ိဳးအမ်ားႀကီးရွိတဲ့ အသီးျဖစ္ပါတယ္။ သူတို႔မွာ antioxidnats ဓာတ္ေတြ အမ်ားႀကီးပါ၀င္ၿပီး အမွ်င္ဓာတ္ေတြ ၾကြယ္၀ကာ ဗီတာမင္ ေအ နဲ႔ စီတို႔လည္း ပါ၀င္ပါတယ္။

ပန္းသီး

ပန္းသီးကလည္း အသားအေရ လွပဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ငယ္ရြယ္တဲ့ အသားအေရ ပိုင္ရွင္ေတြဆိုရင္ အနီေရာင္ ပန္းသီးကို ေရြးခ်ယ္သင့္ပါတယ္။ သူတို႔မွာ collagen ဓာတ္ ေတြ အမ်ားႀကီးပါ၀င္တာေၾကာင့္ အသက္အရြယ္ႀကီးျမင့္လာရင္ျဖစ္ေတတ္တဲ့ အသားအေရ တြဲမႈေတြကိုလည္း ကာကြယ္ႏုိင္ပါတယ

ဖရဲသီး

ေႏြရာသီဆိုရင္ေတာ့ ဖရဲသီးကေတာ့ စားမေလာက္ပါဘဲ။ သူ႔မွာ သဘာ၀ အခ်ိဳဓာတ္ပါ၀င္တဲ့အျပင္ အသီးတစ္ခုလံုးရဲ႕ ၉၀ ရာခိုင္ႏႈန္းက ေရဓာတ္နဲ႔ ဖြဲ႔စည္းထားပါတယ္။ ဒါေၾကာင့္ အသားအေရ ေျခာက္ခမ္းတာေတြကို ကူညီေပးႏိုင္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက ပိုတက္ဆီယမ္ ဓာတ္ေတြ အမ်ားႀကီးပါ၀င္တဲ့ အစားအစာျဖစ္ၿပီး ပိုတက္ဆီယမ္က အသားအေရ ရဲ႕ စိုစြတ္မႈ ကို ညီမွ်ေအာင္ ထိန္းသိမ္းေပးပါတယ္။ အသားအေရ ခမ္းေျခာက္တာက ပိုတက္ဆီယမ္ ဓာတ္ မလံုေလာက္လုိ႔ ျဖစ္ၾကတာပါ။ ဒါေၾကာင့္ ငွက္ေပ်ာသီးကို ေန႔စဥ္ စားသံုးေပးသင့္ပါတယ္။

နာနတ္သီး

နာနတ္သီးကို တခ်ိဳ႕ လူမ်ိုးေတြက ေဆးဘက္၀င္အပင္အျဖစ္ေတာင္ သတ္မွတ္ၾကပါတယ္။ သူ႔မွာ bromelain ဆိုတဲ့ အမ္ဇိုင္းပါ၀င္တာေၾကာင့္ အသားအေရ ေယာင္ယမ္းတာေတြ၊ ေဖာင္းေနတာေတြကို သက္သာ ေပ်ာက္ကင္းေစပါတယ္။

ကီ၀ီသီး

ကီ၀ီသီးေတြမွာ အသားအေရ စိုေျပ လွပဖို႔အတြက္ အဓိကက်တဲ့ ဗီတာမင္စီ ဓာတ္ေတြ အမ်ားႀကီးပါ၀င္ပါတယ္။

အာလူး

ခ်ိဳင္းအသားအေရ မည္းေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေလးေတြအတြက္လည္း အာလူးက ကူညီေပးပါလိမ့္မယ္။ အာလူးကို ပါးပါးလွီးၿပီး မည္းေနတဲ့ ခ်ိဳင္းေနရာမွာ ၁၀ မိနစ္ေလာက္ ကပ္လိုက္ပါ။ ၿပီးရင္ ခြာၿပီး ေရေႏြးပူပူနဲ႔ ေဆးလိုက္ပါ။ အာလူးမွာ ေပ်ာ့တဲ့ အက္ဆက္အမ်ိဳးအစားေတြ ပါ၀င္တာေၾကာင့္ အသားအေရမည္းေနတာေတြကို ေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။