မည်သည့်အသက်အရွယ်အပိုင်းအခြားပင်မဆို တနေ့တာအတွက် မနက်စာကအရေးကြီးဆုံးပါပဲ။ ဒါ့အပြင် မနက်စာအနေနဲ့ ဘာစားမလဲဆိုတာ ကလည်း ညီတူညီမျှကို အရေးကြီးလှပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ မနက်စာကိုစားသုံးခြင်းက ကိုယ်အလေးချိန်ထိန်းချုပ်ခြင်း၊ လုပ်ဆောင်မှုအားတိုးမြှင့်ခြင်း၊ ဇီဝဖြစ်စဉ်ကောင်းမွန်ခြင်း၊ အာရုံစူးစိုက်အားကောင်းမွန်ခြင်း၊ စသဖြင့် ကောင်းကျိုးအစုံအလင်ကို ဖြစ်စေပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့အညီ မစားသုံးခြင်းက မနက်စာမစားမိသလိုပင် အလွန်ဆိုးရွားလှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာကို စတင်ဖို့အတွက် မစားသုံးအပ်တဲ့ မနက်စာများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အချိုဓာတ်များသည့် Cereals များ

မနက်စာအနေနဲ့စားသုံးဖို့အတွက် အကောင်းဆုံးအစားအစာများထဲမှာ Cereals များပါဝင်တယ်ဆိုပေမယ့်လည်း ကိုယ်ခန္ဓာအတွက် မကောင်းမွန်တဲ့ သကြားဓာတ်ပါဝင်မှုအလွန်များတဲ့ Cereals တွေကို ရှောင်ရှားပါ။

အရသာရှိပေမယ့်လည်း ဓာတုဆိုးဆေးများ၊ ဆေးသကြားတွေပါဝင်တာကြောင့် အချိုဓာတ်များနေပြီး အဆီများအဖြစ်ပြောင်းလဲသွားကာ အဝလွန်ခြင်း ဖြစ်လာစေနိုင်ပါတယ်။

၂။ ဖျော်ရည်များ

လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ အသီးဖျော်ရည်တွေကို မနက်ခင်းမှာသောက်သုံးပေးခြင်းက အထူးကောင်းမွန်ပေမယ့်လည်း အသင့်သောက် ဖျော်ရည်တွေမှာတော့ သကြားဓာတ်တွေ အမြောက်အမြားပါဝင်နေပါတယ်။

၃။ ဝက်ဆားနယ်ခြောက်

တစ်နေ့တာရဲ့အစကို အဆီတွေစုပေါင်းစွာပါဝင်နေတဲ့ ဝက်ဆားနယ်ခြောက်လို အသားမျိုးကို မစားမိဖို့အလွန်အရေးကြီးပါတယ်။ များများစားမိပါက နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဆီများစွာပါဝင်တဲ့ အသားကိုစားမိခြင်းက သွေးကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပါတယ်။

၄။ မုန့်ချိုများ

အရသာရှိတဲ့မုန့်တွေဖြစ်ပေမယ့်လည်း ကယ်လိုရီများ၊ သကြားဓာတ်များ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီ၊ ဆားတို့ မြင့်မားစွာပါဝင်ရုံသာမက အစာကြေမြန်သည့်အတွက် ဗိုက်ထဲမှာကြာကြာအဆာမခံနိုင်ပါဘူး။

၅။ ဒိုးနတ်များ

ဆီကြော်မုန့်တွေဖြစ်တဲ့ ဒီလိုမျိုးပေါင်မုန့်တွေဟာ သကြား၊ ဂျုံဖြူ၊ အဆီတို့ပါဝင်နေပါတယ်။ သကြားပါဝင်မှုအလွန်မြင့်မားသည့်အတွက် အချိန်အနည်းငယ်အတွင်း ကိုယ်အလေးချိန်မြင့်တက်မှုကို ဖြစ်လာစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်များ အထူးရှောင်ရှားသင့်တဲ့ မုန့်တစ်ခုဖြစ်ပါတယ်။

၆။ အသင့်စားခေါက်ဆွဲပြုတ်များ

မနက်ခင်းအလွန်အလုပ်ရှုပ်လို့၊ ချက်ပြုတ်ဖို့အချိန်မရှိတော့လို့ လွယ်လွယ်ကူကူ ခေါက်ဆွဲပြုတ်ပဲစားသွားမယ်လို့ မတွေးလိုက်ပါနဲ့။ ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ဘဲ ကင်ဆာရောဂါဖြစ်နိုင်ခြေ အမြောက်အမြားရှိပါတယ်။ ခေါက်ဆွဲခြောက်တွေမှာ အသုံးပြုတဲ့ ဖယောင်းက လွယ်လွယ်ကူကူနဲ့ အစာမကြေဘဲ ပြန်လည်စွန့်ပစ်ဖို့အတွက် အနည်းဆုံး သုံးရက်အချိန်ယူရပါတယ်။

၇။ ပေါင်မုန့်ဖြူ

Glycemic index (GI) မြင့်မားစွာပါဝင်သည့်အတွက် အစာခြေနေစဉ်အတွင်း အလွယ်တကူစုပ်ယူနိုင်ပါတယ်။ သွေးချိုနှင့် အင်ဆူလင်ပမာဏတို့မှာ ရုတ်တရက် မြင့်တက်မှုတွေဖြစ်လာနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း တက်စေကာ အဆင့်နှစ်ရှိဆီးချိုနှင့် နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

၈။ ပန်ကိတ်များ

ဂျုံမှုန့်အဖြူ၊ သကြား၊ ဆိုဒီယမ် နှင့် ထောပတ်တို့နှင့် ပြုလုပ်ထားသည့်အတွက် ကျန်းမာရေးနဲ့ညီညွတ်မှုမရှိသည့် မနက်စာအနေနဲ့ သတ်မှတ်ထားပါတယ်။ ကယ်လိုရီအလွန်များပြီး ချိုစိမ့်လွန်းသည့် ဒီလိုမျိုးမုန့်ကို မနက်စာအဖြစ်မစားသုံးမိဖို့ အလွန်အရေးကြီးပါတယ်။ ပြည့်အင့်မှုကိုဖြစ်ပေါ်စေသည့် ပရိုတင်းလည်း လုံးဝမပါဝင်သည့်အတွက် ခဏလေးအတွင်းမှာ ဗိုက်ပြန်ဆာစေနိုင်ပါတယ်။

၉။ အရသာပါဝင်သည့် ဒိန်ချဉ်များ

ဆိုးဆေးများ၊ ဆေးသကြားများပါဝင်နေရုံသာမက သကြားနှင့် အချိုရည်အလွန်မြောက်မြားစွာပါဝသည့်အတွက် ကျန်းမာရေးကို လုံးဝကောင်းကျိုးပေးမည် မဟုတ်သော မနက်စာတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ပုံမှန်ဒိန်ချဉ်နှင့်ယှဉ်လျှင် အာဟာရဓာတ်၊ ပိုတက်ဆီယမ်၊ ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီတို့ပါဝင်မှုလည်း အလွန်နည်းပါးပါတယ်။

၁၀။ ကော်ဖီ

လူအများစုအတွက်တော့ ကော်ဖီတစ်ခွက်က စိတ်ကိုလန်းဆန်းစေနိုင်တဲ့ အရသာရှိသည့် အရည်တစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း မနက်စာ အနေနဲ့တော့ ရှောင်ရှားသင့်ပါတယ်။ Cereal နှင့် ကော်ဖီကို ပူးတွဲစားလိုက်မည်ဆိုပါက သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို မြင့်တက်သွား စေနိုင်ပါတယ်။ ဒါ့အပြင် သကြားတွေအများကြီးထည့်သွင်းသောက်သုံးခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။