ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို သိသော်ငြားလည်း လူအများစုကတော့ ဆေးလိပ်ကို စွဲလမ်းနေလျက်ရှိနေပါတယ်။ ဆေးလိပ်တစ်ဖွာ ရှူရှိုက်လိုက်ခြင်းက အဆုတ်၊ ဆီးအိမ်၊ ပါးစပ် အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အန္တရာယ်ရှိစေနိုင်သလို ကင်ဆာရောဂါများကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်လိုသူများ အလွယ်တကူ လိုက်နာကျင့်သုံးနိုင်မယ့် နည်းလမ်းကောင်းလေး (၁၀) ခုကို မျှဝေပေးလိုက်ရပါတယ်။

၁။ အိမ်သန့်ရှင်းရေးလုပ်ပါ။

အိမ်သန့်ရှင်းရေးလုပ်ခြင်းက စီးကရက်အညစ်အကြေးများနဲ့ စွဲကျန်နေတဲ့ အနံ့ဆိုးတွေကို အရှင်းပျောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၂။ မီးခြစ်၊ မီးခြစ်ဆံတို့ကို ဝေးဝေးရှောင်ပါ။ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသည့်အချိန်တွင် ဆေးလိပ်သောက်ချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်လာစေမည့် လူများ၊ နေရာများ၊ အရာဝတ္ထုများနှင့် အခြေအနေတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ လက်နှင့်ပါးစပ်ကို အလုပ်မပျက်စေပါနှင့်။

အချို့ဆေးလိပ်သောက်သူများသည် စီးကရက်ကို လက် သို့မဟုတ် သွားကြားတွင် ထားတတ်လေ့ရှိကြပါတယ်။ ထို့အတွက် လက်နှင့် ပါးစပ်ကို အလုပ်ရှုှုပ်နေဖို့အတွက် နည်းလမ်းရှာပါ။ ဥပမာအားဖြင့် ပီကေဝါးခြင်း၊ သကြားလုံးငုံထားခြင်း၊ ဘောလုံးဆော့ကစားခြင်း၊ သိုးမွှေးထိုးခြင်း၊ စကားလုံးဆက်ခြင်း၊ ပဟေဋိဖြေခြင်း၊ အွန်လိုင်းဂိမ်းကစားခြင်း၊ စာအုပ်ဖတ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

၄။ အသက်ပြင်းပြင်းရှုခြင်းကို လေ့ကျင့်ပါ။

ဆေးလိပ်သောက်လိုစိတ် ပြင်းပြလာသည့်အချိန်များတွင် အသက်ကိုပြင်းပြင်းရှု၍ ဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ။ ထိုသို့ပြုလုပ်လိုက်ခြင်းက သင့်ကို စိုးရိမ်သောကကင်းဝေးစေ၍ စိတ်တည်ငြိမ်မှုရရှိစေမှာဖြစ်ပါတယ်။

၅။ ရေသောက်ပေးပါ။

ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ထုတ်လွှတ်ပေးရန် ရေလိုအပ်သည့်အတွက် ရေကိုပုံမှန်သောက်သုံးပေးရန် လိုအပ်ပါတယ်။

၆။ တရုတ်အပ်စိုက်ကုထုံးခြင်းကို စမ်းသပ်ကြည့်ပါ။

အပ်စိုက်ကုသခြင်းက ဆေးလိပ်တောင့်တမှုကို ထိရောက်စွာ ဟန့်တားပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အပ်စိုက်ကုသပေးပြီးနောက်မှာတော့ ယခင်သောက်သုံးနေကျဖြစ်သည့် ဆေးလိပ်အရသာမှာ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်ပါတယ်။

၇။ အလေ့အကျင့်အသစ်တစ်ခုကို ကြိုးစားကြည့်ပါ။

ပန်းချီဆွဲခြင်း၊ အိုးလုပ်ခြင်း၊ စာရေးခြင်း စသည့် အလေ့အကျင့်များက ဆေးလိပ်သောက်ရန် တွေးတောနေစိတ်ကို ပျောက်သွားစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုခုကို စိတ်ဝင်စားမှုများသွားသည့်အခါမှာ အခြားအရာများကို မေ့ပျောက်သွားနိုင်ပါတယ်။

၈။ တရားအားထုတ်ကြည့်ပါ။

တရားအားထုတ်သည့်အခါ စိတ်ရောကိုယ်ပါ တည်ငြိမ်မှုရရှိစေသည့်အတွက် စိတ်ဖိစီးမှုပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ပြေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးခြင်းက သင့်ကျန်းမာရေးကို တိုးတက်စေရုံသာမက ဆေးလိပ်ဖြတ်ခြင်းကိုလည်း ပိုမိုလွယ်ကူစေပါတယ်။

၁၀။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။

ဆေးလိပ်ဖြတ်ရန် ကြိုးစားနေစဉ်အတွင်း ဝိတ်အလေးချိန်ကျရန် မကြိုးစားပါနှင့်။ ဆေးလိပ်ဖြတ်သည့်အခါ ခန္ဓာကိုယ်မှ အာဟာရဓာတ်အားလုံးကို လိုအပ်သည့်အတွက် သင့်စားသောက်မှုပုံစံမှာ ရိုးရိုးရှင်းရှင်းနှင့် ကျန်းမာမှုရှိရန် အင်မတန် အရေးကြီးပါတယ်။