မကောင်းမြင်တဲ့အတွေးတွေဟာ သင့်ကို စိတ်ထိခိုက်စေပြီး သင့်ရဲ့ ပန်းတိုင်ရောက်ဖို့အတွက် ယုံကြည်မှုတွေ ယုတ်လျော့စေပါတယ်။ အကောင်းမြင်စိတ် အကောင်းဘက်ကိုပြောင်းလဲချင်စိတ်တွေကို နောက်ပြန်စွဲသလိုဖြစ်စေပါတယ်။ သင့်ရဲ့ စိတ် သင့်ရဲ့ ပျော်ရွှင်ပြီးအောင်မြင်တဲ့ဘဝကို အတားအဆီးဖြစ်စေတဲ့ မကောင်းတဲ့အတွေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ငါအဆင်သင့်မဖြစ်သေးဘူး

မကြာခဏဆိုသလိုပဲ တစ်ခုခုလုပ်ဖို့ ငါအဆင်သင့်မဖြစ်သေးဘူးလို့တွေးတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီစိတ်ကူး အတွေးတွေကိုပြောင်းပြီးတစ်ခုခုစလုပ်ကြည့်ပါ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘယ်တော့မှမဆင်သင့်ဖြစ်လာမှာ မဟုတ်ပါဘူး။

ငါမပြည့်စုံသေးဘူး

တစ်ခုခုလုပ်တော့မယ်ဆို သင့်ကို အတားအဆီးဖြစ်စေတာက ငါ့မှာအရည်အချင်းမပြည့်စုံသေးဘူးဆိုတဲ့အတွေးပါပဲ။ သင့်ရဲ့ အောင်မြင်မှု ပျော်ရွှင်မှုတွေကို ဒီအတွေးက ဖျက်ဆီးပစ်နိုင်ပါတယ်။ လူတိုင်းကဘာမှမလုပ်ခင်မှာ ဘာမှမပြည့်စုံသေးပါဘူး။

ဘဝက ခက်ခဲလိုက်တာ

ဘဝက ခက်ခဲလိုက်တာဆိုတဲ့အတွေးမျိုးပါ။ ဒါကတော့ လူတိုင်းတွေးဖူးကြမယ်ထင်ပါတယ်။ သင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဘဝဆိုတာ ရုန်းကန်နေရဦးမှာပါပဲ။ ကိုယ့်အတိုင်းတာနဲ့ကိုယ် ရုန်းကန်ကြရမှာပါ။ ဘာမှမရုန်းကန်မကြိုးစားဘဲ ခက်ခဲတယ်ဆိုတာကြီး ထိုင်ညည်းနေမယ်ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ဒါမဖြစ်ရင် ဒါမရရင်တော့ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။

ဒါမှဒါဆိုတဲ့အတွေးမျိုးဟာ မကောင်းပါဘူး။ ငါဒါမှမရရင် ငါမပျော်နိုင်တော့ဘူးဆိုတဲ့အတွေးပါ။ ငါလဲကျသွားရင် ငါမပျော်နိုင်တော့ဘူးဆိုတဲ့အတွေးမျိုးက သင့်ကိုပိုပြီး နာကျင်စေပါတယ်။ သင်လဲကျလည်း နောက်တစ်ခါ ပြန်ထနိုင်တဲ့အခွင့်အရေးရှိပါတယ်။

အရမ်းနောက်ကျသွားပြီ

သွားပြီ အရာအားလုံးဘာမှမရှိတော့ဘူး။ အားလုံးနောက်ကျသွားပြီဆိုတဲ့အတွေးမျိုးက သင့်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ သင့်ဘဝကို စပြီးပြောင်းလဲဖို့ စဉ်းစားလိုက်တဲ့အချိန်ဟာ သင်ဘယ်တော့မှ နော်ကမကျသေးပါဘူး။ သင့်ရဲ့အသက်အရွယ်အနေအထားကြောင့် သင့်ဘဝပြောင်းလဲမှု ကြိုးစားမှုတွေကို အတားဆီးဖြစ်မခံပါနဲ့။

ငါ့မှာအချိန်မရှိဘူး။

အမြဲတမ်း တစ်ခုခုလုပ်ဖို့ဆိုရင် ငါ့မှာအချိန်မှမရှိတာဆိုတာမျိုးက သင့်ကိုစိတ်ဓါတ်ကျစေမှာပါ။ သင့်မှာ ကိုယ်ပိုင်အတွေးအခေါ်အတွက် ကိုယ်ပိုင်အချိန်ရှိပါတယ်။

ဘယ်အရာမှ ငါမကောင်းကောင်းမကျွမ်းကျင်ဘူး။

ဒါဟာ နောက်ထပ် သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေတဲ့အတွေးတစ်ခုပါပဲ။ ဘယ်အရာကိုမှ ငါကောင်းကောင်းမတတ်ဘူးဆိုတဲ့အတွေးမျိုးက သင့်ဘဝကို ဟိုး… အောက်ဆုံးထိ ဆွဲချသွားမှာဖြစ်ပါတယ်။ မနေ့ကထက် ဒီနေ့ကိုသာ သင်အာရုံစိုက်ထားပါ။

ငါနဲ့ မသင့်တော်ဘူး။

တစ်ခုခုဆိုရင် သင်ဟာ သွေဖယ်ခံရတယ် တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခံစားနေရပါလိမ့်မယ်။ ဒါဟာ သင့်ကိုယ်သင်ဘယ်သူဖြစ်တယ်ဆိုတာကို လက်မခံနိုင်သေးလို့ပါ။ တစ်ခုခုဆို ငါနဲ့မသင့်တော်ဘူး။ ငါနဲ့က မကိုက်ပါဘူးကွာ။ ငါနဲ့ဆို အဆင်ပြေမှာမဟုတ်ဘူးလို့တွေးတာဟာ သင့်ဘဝတစ်ခုလုံးကို အထီးကျန်စေပါလိမ့်မယ်။

ငါက အရှုံးသမားတစ်ယောက်ပါပဲ။

Woman Depressed

ကျရှုံးခြင်းမှာ ဘဝတစ်ခုကို နစ်မြုပ်မထားသင့်ပါဘူး။ လူတိုင်း ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကျရှုံးဖူးကြပါတယ်။ ဒါပေမယ့် သင့်မှာ အခွင့်အရေးရလာတဲ့အခါ အဆင်သင့်ဖြစ်နိုင်အောင် လဲပြီးရင် ပြန်ထပါ။

ငါ့ရည်မှန်းချက်တွေက မဖြစ်နိုင်တော့ဘူးထင်တယ်။

တစ်ခုခုဆို ထင်တယ် ထင်တယ်နဲ့ ကိုယ့်ရဲ့ အထင်တွေနဲ့ ဘဝကို မတိုင်းတာပါနဲ့။ မဖြစ်နိုင်ဘူးဆိုတာ ဘဝမှာမရှိပါဘူး။ ပန်းတိုင်တစ်ခု အောင်မြင်မှုတစ်ခုရဖို့ဟာ ဘယ်တော့မှမလွယ်ကူဘူးဆိုတာ သတိရပါ။ သင့်ရဲ့ အနာဂတ်ပန်းတိုင်းကို တစ်လှမ်းချင်းသာလျှောက်ပါ။ တစ်နေ့ပန်းတိုင်ရောက်မှာ သေချာပါတယ်။