ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွင်းက အရေးကြီးတဲ့ဖြစ်စဉ်အများစုကို ဟော်မုန်းတွေနဲ့ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဟော်မုန်းထုတ်လွှတ်မှုက အနှောင့်အယှက်ဖြစ်ပြီဆိုရင်တော့ မိမိတို့ရဲ့ စိတ်ခံစားချက်၊ အပြုအမူ၊ နေထိုင်မှုနဲ့ ရုပ်ရည်သွင်ပြင်တို့ကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြဿနာတွေက ဟော်မုန်းတွေကြောင့် ဖြစ်လာရသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရုတ်တရက် ဝက်ခြံထွက်လာခြင်း

ချွေးပေါက်တွေပိတ်နေပြီဆိုရင် ဝက်ခြံတွေ၊ ဆားဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်။ သို့သော်လည်း အချို့ဆရာဝန်တွေရဲ့ ပြောစကားအရ ရုတ်တရက်ဝက်ခြံပေါက်လာခြင်းက ခန္ဓာကိုယ်အတွင်း ဟော်မုန်းရုတ်တရက်ပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အန်ဒရိုဂျင်ပမာဏ အလွန်နည်းတဲ့အခါ ခန္ဓာကိုယ်တစ်ဝိုက်မှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။

၂။ မကြာခဏခေါင်းကိုက်ခြင်း

စိတ်ဖိစီးမှုနှင့် မူးဝေမှုတို့ကြောင့်မှလွဲပြီး ခေါင်းကိုက်မှုမကြာခဏဖြစ်ပေါ်ရတာက အမဟိုမုန်းဓာတ်နည်းပါးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ထိုဓာတ်အများကြီးရှိတဲ့အခါ သို့မဟုတ် အလွန်နည်းပါးတဲ့အခါမှာလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် မကြာခဏဒေါသထွက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

၃။ အိပ်ရေးမကြာမကြာပျက်ခြင်း

အိပ်ရေးပျက်တာက သန္ဓေသားဖြစ်ပေါ်စေတဲ့ ဟော်မုန်းနည်းပါးမှုနှင့် ဆက်စပ်နေလို့ အန္တရာယ်ရှိနိုင်တဲ့ လက္ခဏာပါ။ ထိုဟော်မုန်းနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေဖြစ်တဲ့အခါမှာ အိပ်ရေးပျက်တာတွေ မကြာခဏ ဖြစ်လာစေနိုင်ပါတယ်။

၄။ ချွေးအလွန်ထွက်စေခြင်း

ရုတ်တရက်ချွေးထွက်ခြင်း သို့မဟုတ် အဖျားတက်ခြင်းက ဟော်မုန်းမညီမျှမှုနဲ့ ပတ်သက်ပြီး တစုံတရာမှားနေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းတွေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးတာဖြစ်လို့ တစုံတရာမညီမျှတာဖြစ်ပြီဆိုရင် ရုတ်တရက် အလွန်ပူအိုက်တာတွေ ခံစားလာရနိုင်ပါတယ်။

၅။ အချိန်တိုင်းမူးဝေမောပန်းနေခြင်း

လူတိုင်းလူတိုင်း အချိန်တိုင်းလိုလို ပင်ပန်းနွမ်းနယ်တတ်ကြပေမယ့်လည်း အနားယူတဲ့အချိန်တွေမှာတောင် အချိန်ပြည့်ပင်ပန်းတယ်လို့ ခံစားမိရင်တော့ ဟော်မုန်းမညီမျှမှုရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

၆။ ရုတ်တရက်ကိုယ်အလေးချိန်ပြောင်းလဲလာခြင်း

အကယ်၍သင့်ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်က ဘယ်လိုအစားအစာမျိုးစားစား ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ အချို့သော ဟော်မုန်းများထုတ်လုပ်မှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ်ခန္ဓာကအဆီကိုထိန်းထားစေပြီး ကြွက်သားပျော့တွဲမှုကို ဖြစ်စေနိုင်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း

သိုင်းရွိုက်ဟော်မုန်း၊ အင်ဆူလင် သို့မဟုတ် Testosterone ဟော်မုန်းတို့မှနေပြီး ဆံပင်အလွန်ကျွတ်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

၈။ အစာခြေဖျက်ခြင်းဆိုင်ရာ ပြဿနာတွေ

လူတစ်ယောက်က တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေပြီဆိုရင် အစာအိမ်ပြဿနာတွေ ခံစားရလေ့ရှိပါတယ်။ ထိုသို့ဖြစ်ရခြင်းက စိတ်ဖိစီးမှုတွေကြောင့် ဟော်မုန်းထုတ်လွှတ်မှုကြီးမားလို့ ဖြစ်ရတဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်။

၉။ မေ့လျော့တတ်ခြင်း

ဟော်မုန်းမညီမျှမှုအပါအဝင် ကွဲပြားတဲ့အကြောင်းအရာတွေကြောင့် မကြာခဏမေ့လျော့တတ်တာနဲ့ အာရုံစူးစိုက်မှုနည်းပါးတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ အမဟိုမုန်းဓာတ်နည်းပါးလို့ပဲ ဖြစ်ပါတယ်။

၁၀။ ရင်သားပြောင်းလဲမှုတွေ

ရင်သားအရွယ်အစား ပြောင်းလဲမှုတွေဖြစ်လာရတာက ခန္ဓာကိုယ်အတွင်းက ပြဿနာတွေထဲက စိုးရိမ်ရတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ အမဟိုမုန်းဓာတ်ရုတ်ချည်းဆိုသလို လျော့နည်းသွားခြင်းက အသားအရေစိုထိုင်းမှုနဲ့ တင်းမာမှုတို့အပေါ် သက်ရောက်လာနိုင်ပါတယ်။
ဒါကြောင့်လည်း ရင်သားတွေက အရွယ်အစား၊ ပုံသဏ္ဍာန်တွေ ပြောင်းလဲလာရတာဖြစ်ပါတယ်။

Credit : BrightSide