ဖိနပ်အသစ်တစ်ရံကို စတင်စီးတဲ့အချိန်မှာတော့ နာကျင်မှုကို အမြဲတမ်းကြုံရမြဲပါ။ ဒါကြောင့် ဒီလိုမျိုး ကိုယ်သဘောကျနှစ်သက်တဲ့ ဒေါက်ဖိနစ်စီးချိန်မှာ အမြဲကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ပလာစတာကပ်ခြင်း

ဒီနည်းလမ်းလေးကတော့ လူအများသိထားပြီးသားဖြစ်ပေမယ့် အလွန်အလုပ်ဖြစ်ပါတယ်။ အိမ်မှမထွက်ခင် ခြေထောက်ကို ပလာစကာကပ်ထားခြင်းက ခြေထောက်ပေါက်ပြီး အမာရွတ်ကျန်ခဲ့တာကို သက်သာစေမှာပါ။

၂။ ကလေးသုံးပေါင်ဒါမှုန့်

ဖိနပ်ပေါက်တာတွေအတွက် ကလေးတွေမှာ အသုံးပြုတဲ့ ပေါင်ဒါမှုန့်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပေါင်ဒါမှုန့်အနည်းငယ်ကို ဖိနပ်ထဲကို ဖြူးပြီးစီးမယ်ဆိုရင် ခြေအိတ်ဝတ်စရာမလိုဘဲလည်း စီးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြေထောက်ကိုတော့ ခြောက်သွေ့မှုရှိနေပါစေ။

၃။ ဆံပင်လေမှုတ်စက်နဲ့ ခြေအိတ်အထူများ

ခြေအိတ်အထူကိုဝတ်လိုက်ပြီး ဖိနပ်စီးလိုက်ပါ။ ဆံပင်လေမှုတ်စက်ကို ဖိနပ်စီးထားတဲ့အချိန် ကြပ်နေတဲ့နေရာလေးတွေကို လိုက်မှုတ်ပေးပါ။ ပြီးလျှင် လမ်းနည်းနည်းလျှောက်ပေးပြီး အေးသွားသည်အထိ စီးထားပေးပါ။

၄။ ချိုင်းချွေးနံ့ပျောက်ဆေး

ခြေထောက်၊ ခြေဖနောင့်အရိုးနဲ့ ခြေချောင်းလေးတွေက နာကျင်မှုတွေအဖြစ်ဆုံးနေရာဖြစ်လို့ ဖိနပ်ပေါက်တာသက်သာစေဖို့အတွက် ချိုင်းချွေးနံ့ပျောက်ဆေးကို ဖိနပ်ပေါက်တတ်တဲ့နေရာလေးတွေမှာ လိုက်လံသုတ်လိမ်းပေးပါ။

၅။ ဆီလီကွန်ဒေါက် (Insoles)

ဖိနပ်ဆိုင်တွေမှာ ဆီလီကွန်ဒေါက်တွေကို ကိုယ့်အတွက်သင့်တော်တဲ့ အရာကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဖိနပ်မပေါက်အောင် အသုံးပြုပေးနိုင်ပါတယ်။

၆။ ခြေခလယ်နဲ့ခြေသူကြွယ်တို့ကို ပူးပြီးတိပ်ပတ်ပေးပါ

ထူးဆန်းတယ်လို့ထင်ရပေမယ့်လည်း ခြေခလယ်နဲ့ခြေသူကြွယ်တို့ကို ပူးပြီးတိပ်ပတ်ပေးမယ်ဆိုရင် ဖိနပ်စီးတဲ့အခါ ပိုပြီးသက်သောင့်သက်သာရှိမှာပါ။

၇။ ခြေထောက်ကို အနားပေးပါ

အလုပ်ကိုနေ့စဉ် ဒေါက်ဖိနပ်စီးသွားရတယ်ဆိုရင် စားပွဲမှာ ပေါ့ပါးတဲ့ကွင်းထိုးဖိနပ်တစ်ခုခုဖြစ်ဖြစ် သိမ်းထားပါ။ ရုံးရောက်တဲ့အခါ ဒေါက်ဖိနပ်ကိုချွတ်သိမ်းထားပြီး စားပွဲမှာထိုင်နေချိန် ကွင်းထိုးဖိနပ်စီးထားပါ။

၈။ ဒေါက်မြင့်ဖိနပ်အစား ခုံမြင့်ဖိနပ်စီးပါ

နေ့စဉ်ဒေါက်ဖိနပ်စီးရတာက စိတ်ရှုပ်ဖို့ကောင်းတယ်၊ အရမ်းနာကျင်မှု၊ မသက်သာမှုတွေခံစားရတယ်ဆိုရင် ခုံထူဖိနပ်ပြောင်းစီးကြည့်ပါ။ လမ်းလျှောက်ရတာလည်း ပိုမိုလွယ်ကူပြီး တည်တည်ငြိမ်ငြိမ်လည်း ရှိစေပါတယ်။

Credit: BrightSide