မနက်ခင်းအချိန်မှာ အကြောအခြင်ဆန့်ပေးခြင်းက သင့်ရဲ့တစ်နေ့တာလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ ကြွက်သားများတင်းမာမှုကို ဖြေလျော့စေပြီး သွေးလည်ပတ်မှုကို တိုးမြှင်ပေးကာ အားအင်တိုးတက်စေပါတယ်။ ၁၀-၁၅ မိနစ်လောက် ယခုဖော်ပြမယ့်လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးမယ်ဆိုရင် ထိရောက်မှုတွေကို မြင်တွေ့လာနိုင်မှာပါ။

၁။ လည်ပင်း

ကျောကိုဆန့်ထားပြီး ခေါင်းကိုဖြည်းဖြည်းချင်း ဘေးကိုစောင်းလိုက်ပြီး ရှေ့၊ နောက် ဆက်လုပ်ပေးပါ။ လှုပ်ရှားမှုတိုင်းက ဖြည်းဖြည်းနဲ့ ညှင်ညှင်သာသာရှိရမှာဖြစ်ပါတယ်။

၂။ ရင်ဘတ် (ပခုံးနှင့် လက်ရုံးကြွက်သားအရှေ့)

တံခါးဘောင် သို့မဟုတ် နံရံ၊ ဘီဒိုတို့ကို ဘယ်ဖက်လက်နဲ့ကိုင်ထားစဉ်မှာ အရှေ့ကိုတိမ်းလိုက်ပြီး ခန္ဓာကိုယ်ကို ညာဖက်သို့လှည့်လိုက်ပါ။ နောက်ကျောဖက်သာမဟုတ်ဘဲ တင်အပါအဝင် တကိုယ်လုံးကို လှည့်ပေးပါ။

၃။ ကျောအပေါ်ဖက်နှင့် ပုခုံးနောက်ဖက်

ကုတင်ပေါ်မှာထိုင်လိုက်ကာ ကျောအနောက်ဖက်ကို အနည်းငယ်ကျုံ့လိုက်ပြီး လက်နှစ်ဖက်ကို အရှေ့ဖက်သို့ဆန့်ထုတ်လိုက်ပါ။ လက်များကို တန်းတန်းထားပါ။

၄။ လက်

ဘယ်ဖက်လက်ကိုမြှောက်လိုက်ပြီး ခေါင်းအနောက်ဖက်ကို ချလိုက်ကာ တံတောင်ဆစ်ကို ညာဖက်လက်နဲ့ဆွဲထား၍ အကြောဆန့်ပေးပါ။

၅။ ပုခုံးနှစ်ဖက်

ဘယ်ဖက်လက်ကို ရင်ဘတ်အရှေ့သို့ ဆန့်လိုက်ပြီး နောက်လက်တစ်ဖက်နဲ့ ခန္ဓာကိုယ်ဆီဆွဲလိုက်ပါ။ အသက်ပြင်းပြင်းရှူထုတ် ၂ခါ ၃ခါလုပ်ပြီးရင် နောက်လက်တစ်ဖက်ကိုလည်း ပုံစံတူလုပ်ပေးပါ။

၆။ ကျောရိုး

ပက်လက်လှန်ပြီး ဘယ်ဖက်ခြေထောက်ကို ညာဖက်အခြမ်းသို့ လိမ်လိုက်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန် အသက် ၅ခါ ၆ခါ ရှူသွင်းထုတ်လုပ်ပြီး နောက်တစ်ဖက်ကိုလည်း ပုံစံတူလုပ်ပေးပါ။

၇။ ခါးရိုး

ကြမ်းပြင်ပေါ်မှာ ငုတ်တုပ်ထိုင်၍ ညာခြေထောက်ကို အရှေ့ဖက်ဆန့်ကာ ဘယ်ခြေထောက်ကို ညာခြေပေါ်သို့ ယှက်လိုက်ပါ။ ခန္ဓာကိုယ်ကို ဘယ်ဖက်သို့လိမ်လိုက်ပြီး အသက်ရှူသွင်းရှူထုတ် ၅ခါ ၆ခါ ဖြည်းဖြည်းချင်းလုပ်ပေး၍ နောက်တစ်ဖက်ကို ဆက်လက်လုပ်ဆောင်ပါ။

၈။ ပေါင်ရင်းအပြင်ဖက်

ညာခြေထောက်ကို ဘယ်ခြေအရှေ့မှာ ယှက်လိုက်ပြီး ညာဖက်လက်ကို ခေါင်းအပေါ်ဖက်ရောင်အောင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို စောင်းလိုက်ပါ။ ထုံးစံတိုင်း ၅ခါ ၆ခါ အသက်ရှူသွင်းရှူထုတ်လုပ်ကာ နောက်တစ်ဖက်ကို ထပ်ပြောင်းလုပ်ဆောင်ပါ။

Source: BrightSide