ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲပြီး ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီလိုတွေဖြစ်လာရင် နေရတာမလန်းဆန်းတော့ပဲ နုံးချိနေတတ်ပါတယ်။ ဒါကြောင့် ညောင်းညာကိုက်ခဲမှုတွေကင်းဝေးအောင် အချိန်ဆယ်မိနစ်လောက်ပေးပြီး မနက်အိပ်ယာနိုးတိုင်း ပြုလုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လည်ပင်းလေ့ကျင့်ခန်းလေးမျိုးကို တစ်မိနစ်အချိန်ပေးပြီး တစ်လှည့်စီလုပ်ပေးရပါမယ်။ မနက်နိုးနိုးချင်းမှာလုပ်ပေးရင် တစ်နေကုန်လန်းဆန်းနေမှာပါ။

ပုံမှာပြထားတဲ့အတိုင်း လက်တစ်ဖက်ကိုအနောက်ပစ်ပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း တစ်မိနစ်ပဲအချိန်ပေးပြီး ဘယ်ညာတစ်လှည့်စီလုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုလိမ်ပြီး အကြောဆန့်ပေးရပါမယ်။ ဒါကိုလည်း တစ်မိနစ်အချိန်ပေးပြီးလုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်တစ်ဖက်ကိုအနောက်ပစ်ပြီး လက်မောင်းလေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဒါကိုလည်း တစ်မိနစ်အချိန်ပေးပြီး ဘယ်ညာတစ်လှည့်စီလုပ်ပေးပါ။

လက်ကို ၉၀ ဒီဂရီထားပြီး ပုံမှာပြထားတဲ့အတိုင်းလုပ်ပေးပါ။ ဒါကိုလည်း တစ်မိနစ်ပဲအချိန်ပေးပြီး ဘယ်ညာတစ်လှည့်စီလုပ်ပေးပါ။

ကြမ်းပြင်မှာလှဲချပြီး ခြေထောက်တစ်ဖက်ကိုကွေးကာ လက်နှစ်ဖက်ကိုဆန့်ထားပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီလုပ်ပေးရပါမယ်။ အချိန်ကတော့ တစ်မိနစ်ပါပဲ။

ပုံမှာပြထားတဲ့ Position အတိုင်းနေပြီး လက်ကိုဘယ်ညာလှည့်ကာ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဒါကိုလည်း တစ်မိနစ်ပဲလုပ်ပေးရမှာပါ။

ခြေထောက်ကိုကားထားပြီး လက်ကိုတော့ ပုံမှာပြထားတဲ့အတိုင်းသေချာလုပ်ပေးပါ။ ဘယ်တစ်လှည့်၊ ညာတစ်လှည့်လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ကိုလည်း အချိန်တစ်မိနစ်ပေးပြီး လုပ်ပါ။

ခြေထောက်တစ်ဖက်ချင်းစီကို တန်းတစ်ခုပေါ်တင်ပြီး အကြောတွေဆန့်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အချိန်ကလည်း တစ်မိနစ်ပဲပေးလုပ်ရမှာပါ။

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ခြေထောက်ကိုကွေးကာ ပုံမှာပြထားတဲ့အတိုင်း တစ်လှည့်စီလုပ်ပေးရပါမယ်။ ဒါကိုလည်း အချိန်တစ်မိနစ်ပေးပြီး လုပ်မယ်ဆိုရင်တော့ စုစုပေါင်းလေ့ကျင့်ခန်း ၁၀ ခုအတွက် အချိန် ၁၀ မိနစ်ပဲပေးရပါတယ်။

Photo Source: www.brightside.me