မှန်ကန်သင့်တော်သည့် အစားအစာများကို စားသုံးခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ သတ္တုဓာတ်များ၊ ဗီတာမင်များ နှင့် အာဟာရဓာတ်များဖြစ်ပေါ်မှုကို အဆုံးအဖြတ်ပေးနိုင်သလို အချို့သောအစားအစာများက နေ့စဉ်ကြုံတွေ့ရသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကိစ္စလေးများကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သို့ရာတွင် အရေးပေါ်ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်လာပါက ဆရာဝန်ထံသို့ချက်ချင်းအကြောင်းကြားရမှာဖြစ်သော်ငြားလည်း အသေးအဖွဲကိစ္စလေးများဆိုလျှင်တော့ ယခုဝေမျှချင်သည့် အမျိုးအမယ် (၁၀) မျိုးကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဂျင်း

နှစ်ပေါင်း ၂၀၀၀ ကျော်လာသည့်တိုင် တရုတ်ဆေးများတွင် အသုံးပြုဆဲဖြစ်သည့် ဂျင်းများသည် သွေးလည်ပတ်မှုအားကောင်းစေကာ ကြွက်သားများ နီရဲ၊ ရောင်ရမ်းခြင်းတို့ကိုလည်း လျော့ကျစေနိုင်မှာပါ။ ထို့အပြင် မိန်းကလေးများ ရာသီချိန်ကာလများတွင် ဖြစ်ပေါ်တတ်သည့် ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းများတို့ကို ဂျင်းရေနွေးကြမ်းလေးတစ်ခွက် သောက်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

အနီရောင်ဘယ်ရီသီး

အနီရောင်ဘယ်ရီသီးများတွင် ဆီးလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုများ ဖြစ်ပေါ်စေမည့် ဘက်တီးရီးယားများပေါက်ဖွားမှုမှ ကာကွယ်ပေးသည့်ဓာတ်များ ပေါင်းစပ်ပါဝင်ပါတယ်။

ကယ်လ်စီယမ်ကြွယ်ဝသည့်အစားအစာများ

ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းလိုလိုသည် ရာသီချိန်ကာလများတွင် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ခံစားလွယ်ခြင်း စသည့်လက္ခဏာများကို ခံစားရတတ်လေ့ရှိပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ သင့်ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်ပမာဏပါဝင်မှု နည်းပါးနေသည့်အတွက် ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများဖြစ်သည့် နို့ထွက်အစားအသောက်များ၊ အယ်လ်မွန်စေ့များ၊ ပန်းဂေါ်ဖီစိမ်းများ၊ အစိမ်းရောင်ရှိဟင်းသီးဟင်းရွက်များ နှင့် ဆာဒင်းငါးများကို စားသုံးပေးနိုင်ပါတယ်။

အုတ်ဂျုံမှုန့်

အသားအရေယားယံခြင်း၊ နီရဲခြင်းများ၊ အဖုအပိမ့်များ ဖြစ်ပေါ်ခြင်းတို့ကို အုတ်ဂျုံမှုန့်အားမှန်မှန်စားပေးခြင်းဖြင့် သက်သာမှုရရှိစေနိုင်ပါတယ်။

ပင်လယ်ဆား

ဒူးခေါင်း၊ တံတောင်ဆစ် နှင့် ခြေဖနောင့်များရှိ ခြောက်သွေ့ကြမ်းတမ်းနေသော အသားအရေများကို ကုသရန်အတွက် အလှကုန်ပစ္စည်းများအား ပိုက်ဆံအများအပြားပေးဝယ်စရာမလိုဘဲ ပင်လယ်ဆားကိုအသုံးပြုကာ အိမ်တွင်ပင် အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ပင်လယ်ဆားတစ်ခွက်ကို အနှိပ်ခံရာတွင်အသုံးပြုသည့်ဆီ ခွက်တစ်ဝက်ခန့်ဖြင့် ရောစပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သခွားသီးများ

ဖောင်းအစ်နေသော မျက်လုံးများကို ကုသရန်အတွက် သခွားသီးလောက် အကောင်းဆုံးနှင့်အထိရောက်ဆုံးသော နည်းလမ်းရှိမည်မဟုတ်ပေ။ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်သည့် သခွားသီးသည် အေးမြသည့်အာရုံခံစားမှုကို ပေးစွမ်းကာ သွေးကြောများကိုတင်းတင်းကျပ်ကျပ်ရှိစေ၍ အသားအရေနီရဲရောင်ရမ်းခြင်းမှလည်း လျော့ကျစေနိုင်ပါတယ်။ ၁၀ မိနစ်ခန့်မျှ မျက်လုံးပေါ်တင်ထားပေးရုံဖြင့် မို့အစ်နေသောမျက်လုံးများကို သက်သာသွားစေနိုင်မှာဖြစ်ပါတယ်။

ဆီးသီးခြောက်များ

<

ဆီးသီးခြောက်များတွင် ဝမ်းချုပ်မှုကို အထူးတိုက်ထုတ်ပေးနိုင်သော အာဟာရဓာတ်တစ်မျိုးဖြစ်သည့် ဖိုက်ဘာကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ကြောင့် ဝမ်းချုပ်မှုကိုခံစားလာရပြီဆိုလျှင် ဆီးသီးခြောက်အားတစ်နေ့တစ်လုံး မနက်မိုးလင်းသည်နှင့် စားသုံးပေးနိုင်ကာ တိုးတက်မှုမရှိပါက နှစ်လုံးအထိတိုး၍စားသုံးပေးနိုင်ပါတယ်။

သကြား

<
ကြို့ထို့နေသည့်အချိန်များတွင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းရှိသည့်သကြားပမာဏကို လျှာအောက်၌ ကြို့ထိုးမရပ်မခြင်း ထားပေးပြီးနောက် မျိုချပေးနိုင်ပါတယ်။

ပန်းသီးများ

အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကို အားကောင်းစွာစုပ်ယူနိုင်သည့် ဓာတ်ပါဝင်သော ပန်းသီးများကို စားသုံးခြင်းက pH balance ကို ပြန်လည်ထိန်းသိမ်းပေးကာ GERD မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

နနွင်း

ကူးစက်ရောဂါများကို ကာကွယ်ရန်နှင့် ဒဏ်ရာအနာတရများကို ကုသရာတွင် အသုံးပြုနိုင်သည့် နနွင်းကို အိန္ဒိယနိုင်ငံတွင် အလွန်အမြတ်တနိုးတန်ဖိုးထား အသုံးပြုကြပါတယ်။ အသေးအဖွဲအခြစ်ရာ၊ ဒဏ်ရာလေးများရရှိလာပါက လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ရှိသည့် နနွင်းပမာဏကို ရေတစ်စက်၊ နှစ်စက်ဖြင့် ရောစပ်လိမ်းပေး၍ ခြောက်သွားပါက အဝတ် သို့မဟုတ် ပတ်တီးဖြင့်ဖုံးအုပ်ထားနိုင်ပါတယ်။

Cover Photo Credit: Readers Digest