ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ အကုန်လုံး သိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တာကိုတော့ မလျော့နိုင်ကြသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အရွယ်ရောက်ပြီးသား အယောက် ၁၀၀ မှာ ၁၅ ယောက်လောက်က ဆေးလိပ်သောက်ကြပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က လူကို ဆွဲစေတာကြောင့် ထင်တာထက် ဆေးလိပ်ဖြတ်ရတာ ပိုခက်ပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ဆေးဘက်ဝင် အပင်များကို အကြောင်းကို ဝေမျှပေးချင်ပါတယ်။

ပူစီနံရွက် (Peppermint)

ဆေးလိပ်ဖြတ်ပြီးခါစ လူတွေ ခံစားရတဲ့ ခေါင်းကိုက်၊ ခေါင်းမူး၊ အော့အန်တာတွေကို ပူစီနံရွက်က သက်သာစေပါတယ်။ ပူစီနံရွက်က စိတ်လှုပ်ရှားမှုတွေ၊ စိတ် တင်းကျပ်မှုတွေနဲ့ နီကိုတင်းကြောင့် ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

John’s Wort အပင်

St. John’s Wort အပင်ဟာ စိတ်ပျော်ရွှင်၊ တည်ငြိမ်အောင် လုပ်နိုင်တဲ့ ဓာတ်ရှိပါတယ်။ နစ်ကိုတင်းဓာတ်မရရင် စိတ်တိုတာ၊ စိတ်အပြောင်းအလဲမြန်တာ ဂနာမငြိမ်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်စဖြတ်ချိန်မှာ St. John’s Wort ဆေးဘက်ဝင်အပင်လေးက ကူညီပါလိမ့်မယ်။

အထူးသဖြင့် ဆေးလိပ် မဖြတ်ခင်ကတည်းက စတင်အသုံးပြုရင် ပိုကောင်းပါလိမ့်မယ်။

စိတ်ဓာတ်ကျရောဂါရှိသူတွေအတွက်လည်း ကောင်းမွန်ပါတယ်။ သူ့ကို တချို့ အမှုန့်ချေပြီး သောက်သုံးတာရှိသလို အရွက်၊အပွင့်တွေကို နေခြောက်လှမ်းပြီး ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးလို့ရပါတယ်။

St. John’s Wort ဆေးဘက်ဝင် အပင်က ဥရောပနဲ့ အာရှမှာ ပေါက်ရောက်လေ့ရှိပါတယ်။

ကိုရီးယား ဂျင်ဆင်း

ကိုရီးယား ဂျင်ဆင်းက စိတ်ဖိစီးမှုကို ခံစားနေရတဲ့ ခန္ဓာကိုယ်အတွက် စွမ်းအင်တွေ ပေးနိုင်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ် ဂယောက်ဂယက်ဖြစ်မှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ နစ်ကိုတင်း ဓာတ်မရလို့ မူမမှန်တဲ့ ခန္ဓာကိုယ်အတွက်ကိုလည်း ကိုရီးယား ဂျင်ဆင်းက ထိန်းညှိပေးနိုင်ပါတယ်။