ဂွေးသီးထောင်းတို့၊ ဂွေးသီးငပိချက်တို့ကို ဟင်းလျာထဲမှာ ထည့်စားရင် ထမင်းစားမြိန်တယ်နော်။ ချဉ်ချဉ်စပ်စပ်လေးလုပ်စားရင်လည်း တကယ်အရသာရှိပြီးလူကြိုက်များတဲ့အသီးဖြစ်ပါတယ်။ အမှည့်ဆိုရင်လည်း မီးကင်၊ မီးဖုတ်ပြီး ငရုတ်သီးနဲ့ ထောင်းစားကြပါတယ်။ ဂွေးသီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုမျှဝေပေးချင်ပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်သလို သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အသီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

ဗီတာမင် A ပါဝင်တဲ့အသီးဖြစ်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း

အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ ဗီတာမင်Cပါဝင်လို့ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးပါတယ်။

Antioxidant ပါဝင်ခြင်း

ဗီတာမင် A ကြွယ်ဝစွာပါဝင်သလို Antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ပါဝင်ပြီး ရောဂါအမျိုးမျိုးဝင်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။

အနာသက်သာစေခြင်း

ထိခိုက်ရှနာတာတွေအတွက် အထူးသက်သာစေတဲ့အသီးဖြစ်ပါတယ်။

အသက်အရွယ်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

ဗီတာမင် C ကြွယ်ဝတဲ့အသီးဖြစ်သလို ပရိုတင်းဓါတ်တွေလည်းပါဝင်လို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

ကိုလက်စထရော ထိန်းချုပ်နိုင်ခြင်း

အသီးမှာ ကိုလက်စထရောပါဝင်မှုနည်းပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

အရိုးနဲ့ သွားကျန်းမာရေး

ကယ်လ်ဆီယမ်နဲ့ ဖော့စဖော့ရပ်စ်ပါဝင်လို့ အရိုးကို ကျန်းမာစေပြီး သွားတွေကို ခိုင်မာစေပါတယ်။

အမျှင်ဓါတ်မြင့်မားစွာပါဝင်ခြင်း

အမျှင်ဓါတ်တွေ မြင့်မားစွာပါဝင်လို့ အစာချေစနစ်ကိုကောင်း မွန်စေပြီး အူမကြီးရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။  ဒါ့ကြောင့်လည်း ဆီးချို သွေးချို နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။

သံဓါတ်

ခန္တာကိုယ်အတွင်း အောက်ဆီဂျင်သယ်ယူပို့ဆောင်ဖို့အတွက် အရှိမဖြစ်လိုအပ်တဲ့ သံဓါတ်ပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။