တယ်သီးကို ကြိုက်တဲ့သူလည်းကြိုက်ကြမှာပါ။ စာရေးသူစစားဖူးတုန်းကဆို နာမည်တောင်မသိဘူး။ ခရမ်းချဉ်သီးနဲ့တူတဲ့အသီးလို့ခေါ်ခဲ့ဖူးတာ။ ဒါပေမယ့် နောက်ပိုင်းမှ တယ်သီးလို့ခေါ်ဝေါ်ကြောင်းသိလာခဲ့ရတယ်။ အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်စားသုံးလာကြတဲ့ တယ်သီးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေမနည်းပါဘူးနော်။

၁။ကိုယ်အလေးချိန်ကျစေခြင်း။

တယ်သီးထဲမှာ အဆီပါဝင်မှုအင်မတန်နည်းပါတယ်။ တယ်သီးအနေတော်အရွယ်တစ်လုံးမှာတောင် Carbohydrate ၃၁ဂရမ်ပဲပါဝင်ပါတယ်။ ဒါကြောင့်မို့ ဝိတ်ချလိုတဲ့သူတွေ စားဖို့အတွက် အရမ်းသင့်တော်တဲ့ သစ်သီးလို့လည်းပြောလို့ရပါတယ်။

cant-lose-weight

၂။သဘာဝအနာပျောက်ဆေးဖြစ်ခြင်း။

ဂျပန်တွေက တယ်သီးကို သဘာဝအနာပျောက်ဆေးလို့သတ်မှတ်ကြပါတယ်။ ရှေးခေတ်အခါတုန်းက အနာသွေးထွက်လွန်တာကိုတိတ်စေဖို့ တယ်သီးကိုအသုံးပြုကြတယ်လို့လည်းသိရပါတယ်။

၃။အစာချေစနစ်ကိုကောင်းမွန်စေခြင်း။

အမျှင်ဓာတ်ကြွယ်ဝစာတွေက အူမကြီးရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေတယ်လို့ သိထားကြပြီးသားပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့တယ်သီးကို ပုံမှန်စားသုံးပေးတဲ့အခါ အူမကြီးနဲ့သက်ဆိုင်တဲ့ ပြသနာတွေကိုသက်သာစေတာကြောင့် အစာချေစနစ်ကို အင်မတန်အထောက်အကူပြုပါတယ်။ ဝမ်းလျှောခြင်းကိုလည်းသက်သာစေပါတယ်။

Happy-Digestive-system

၄။ဆီးချိုးသမားများအတွက် သင့်တော်ခြင်း။

ဆီးချိုရောဂါသမားတွေ အစာအစာနဲ့ပတ်သတ်လာရင် အာသာပြင်းပြစိတ်ဖြစ်တတ်ကြပါတယ်။ ဗိုက်ဆာလာတဲ့အခါမှာပဲဖြစ်ဖြစ် တယ်သီးကိုစားပေးလိုက်တဲ့အခါ ဆီးချိုရောဂါသမားတွေအတွက်ခံတွင်းတွေ့စေမှာပါ။ ဒီ့အပြင် တယ်သီးက သွေးချိုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။

၅။သွေးပေါင်ချိန်ကျစေခြင်း။

ဆိုဒီယမ်များတဲ့အစားအသောက်တွေက သွေးပေါင်ချိန်ကိုတိုးစေပါတယ်။ ဒါပေမယ့် တယ်သီးမှာတော့ ဆိုဒီယမ်ဓာတ်အင်မတန်နည်းတဲ့အတွက် ဆီးချိုသမားတွေ အစာထိန်းစားရာမှာ ပါဝင်သင့်တဲ့ သစ်သီးတစ်မျိုးပါ။

how-to-lower-blood-pressure-naturaly-800x416

၆။ကိုယ်ခံအားကောင်းစေခြင်း။

နေ့စဉ်ပုံမှန် ဗီတာမင် C ကိုမှီဝဲပေးတဲ့အခါ ကိုယ်ခံအားကောင်းစေပါတယ်။ ဗီတာမင်C ကြွယ်ဝတဲ့တယ်သီးကိုပုံမှန်စားသုံးပေးတဲ့အခါ သာမန်အအေးမိခြင်း၊ ဖျားနာခြင်းမှကာကွယ်ပေးတဲ့အပြင် ရင်ကြပ်ပန်းနာလိုမျိုး အဆုပ်နဲ့သက်ဆိုင်တဲ့ရောဂါပိုးများမှလည်း ကင်းဝေးစေပါတယ်။

၇။ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း။

တယ်သီးမှာ Antioxidants တွေကြွယ်ဝတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒီ့အပြင်တယ်သီးမှာ ဗီတာမင် A ပါဝင်ခြင်းကလည်း ကင်ဆာခုခံနှုန်းကို ပိုမြှင့်တင်ပေးပါတယ်။

2105-11-cancer-cell-therapy

၈။အမြင်အာရုံကောင်းစေခြင်း။

တယ်သီးမှာ ဗီတာမင် A ပါဝင်ပြီး ဗီတာမင် A ကအမြင်အာရုံကိုအားတိုးစေပါတယ်။

eye-care

၉။သွေးနီဆဲလ်ထုတ်လုပ်မှု တိုးတက်စေခြင်း။

တယ်သီးမှာပါဝင်တဲ့ Copper ဓာတ်က သံဓာတ်စုပ်ယူမှုကိုအားကောင်းစေလို့ သွေးနီဆဲထုတ်လုပ်မှုကို ကူညီမြှင့်တင်ပေးပါတယ်။

၁၀။အသည်းကိုကျန်းမာစေခြင်း။

တယ်သီးက အဆိပ်သင့်စေတဲ့ ဓာတ်ပစ္စည်းတွေဆီမှ ကာကွယ်ပေးပြီး ဆဲလ်ပျက်ဆီးခြင်းကိုလည်းတားဆီးပေးပါတယ်။ တစ်နည်းအားဖြင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ချေဖျက်ပေးပြီး အသည်းကိုကျန်းမာစေပါတယ်။

how-get-healthy-liver-baltimore-maryland