ဘယ်အသက်အရွယ်မှာမဆို စားပေးနိုင်တဲ့ အမျိုးသားတွေအတွက် အားရှိစေပြီး အရေးပါတဲ့အစားအစာ ၁၀ မျိုးကို မျှဝေပေးသွားပါမယ်။

ဥများ

White-vs.-Brown-Which-Eggs-Better-to-Buy-e1479929714520

ဥတွေဟာ ဗီတာမင် D ပါဝင်ပြီး Testosterone ဟော်မုန်းတွေရဲ့ ပမာဏကို ပုံမှန်ဖြစ်စပေါတယ်။ ကိုလက်စထရောများရင်တော့ အနှစ်ကိုမစားဘဲ အကာပဲစားပေးပါ။ တစ်နေ့ကို ကြက်ဥ တစ်လုံးလောက်ပုံမှန်စားပေးတာဟာ ကျန်းမာသန်စွမ်းစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာဆို မှိုဆန့်ကျင်ပစ္စည်းနဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အစားအစာတစ်မျိုးပါ။ အအေးမိဖျားနာတာမျိုး သက်သာစေပြီး ခန္တာကိုယ်ကျန်းမာသန်စွမ်းစေဖို့ ကြက်သွန်ဖြူစားပါ။

ပျားရည်

ပျားရည်ကို ကွေကာအုတ်နဲ့ ရောပြီးစားပေးမယ်ဆိုရင် သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။ ပျားရည် တစ်နေ့ ၁ ဇွန်းစားပေးတာကလည်း အမျိုးသားတွေအတွက် အကျိုးရှိပါတယ်။

ဖရဲသီး

ဖရဲသီးဟာ နွေရာသီအတွက် အထူးသင့်တော်တဲ့အစားအစာပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးကိုကျန်းမာစေပါတယ်။ သရေစာအဖြစ်စားပေးနိုင်တဲ့ အသီးပါ။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာဆိုရင် estrogen ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။ စားပေးမယ်ဆိုရင် Testosterone ဟော်မုန်းကို မြင့်တင်ပေးနိုင်ပါတယ်။

စပျစ်သီး

စပျစ်သီးတွေကို စားပေးသင့်ပါတယ်။ အမျိုးသားတွေရဲ့ သုတ်ပိုးလုပ်ဆောင်မှုကို မြင့်တင်ပေးနိုင်ပါတယ်။ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးသင့်ပါတယ်။

ဂုံး ကမာ

ဂုံး ကမာတွေမှာ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကိုယခံအားစနစ်ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

အသား

အသားကိုစားပေးပါ။ ကျန်းမာရေးအတွက်သာမက Testosterone ကျားဟော်မုန်းကိုပါမြင့်တင်ပေးပါတယ်။  ပရိုတင်းဓါတ်လည်း ကြွယ်ဝစေပါတယ်။

ပဲအမျိုးမျိုး

ပဲတွေမှာ ဗီတာမင် D နဲ့ ပရိုတင်းဓါတ်တွေပါဝင်ပါတယ်။ ပြုတ်စားတာ သုတ်စားတာမျိုး အမျိုးမျိုး ချက်စားလို့လည်းရပါတယ်။ နှလုံးကိုကျန်းမာစေပြီး testosterone ကျားဟော်မုန်းကို မြင့်တင်ပေးပါ။

တူနာငါး

တူနာငါးမှာ ကယ်လိုရီပါဝင်မှုနည်းပြီး နှလုံးကိုကျန်းမာစေပါတယ်။ ဗီတာမင် D ပါဝင်ပါတယ်။