လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ကျန်းကျန်းမာမာနဲ့ ရှိနေဖို့အတွက် အသည်းက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ သွေးနီဥများ ထုတ်လွှတ်ပေးခြင်း၊ သွေးပေါင်ချိန်ပုံမှန်ရှိစေခြင်း၊ ကိုယ်တွင်းအစိတ်အပိုင်းများကို အဆိပ်အတောက်ဖယ်ရှားပေးခြင်း၊ ပိုလျှံနေတဲ့ရေတွေကို စွန့်ထုတ်ပေးခြင်း၊ သွေးအသွင်းမှ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ပမာဏကို ထိန်းသိမ်းပေးခြင်း စတဲ့ လုပ်ငန်းဆောင်များကို အသည်းက လုပ်ဆောင်ပေးရပါတယ်။

ဒါကြောင့် ဒီလိုမျိုး အရေးကြီးတဲ့ အသည်းကျန်းမာရေးကို မသိလိုက်ဘဲ ပြုလုပ်မိတဲ့ မကောင်းတဲ့အလေ့အကျင့်တွေကြောင့် မပျက်စီးရလေအောင် ကောင်းတဲ့အကျင့်လေးတွေကို မွေးမြူနိုင်အောင် ကြိုးစားပါ။ ဘယ်လိုအလေ့အကျင့်တွေကို ရှောင်ရှားရမလဲဆိုတာကို အရင်ကြည့်လိုက်ရအောင်။

၁။ ဆီးအောင့်ထားခြင်း

အချိန်မှီဆီးမသွားခြင်းဟာ အသည်းကိုဒုက္ခပေးစေတဲ့ အရာတွေထဲက တစ်ခုပါ။ ဆီးအလွန်သွားချင်နေတာကို အတင်းအောင့်အီးထားလိုက်မယ်ဆိုရင် ဆီးအိမ်ထဲမှာ အကြာကြီးကျန်ရစ်နေစပြီး ဘတ်တီးရီးယားများကို မြန်မြန်ပေါက်ဖွားစေပါတယ်။ ထိုမှတဆင့် အသည်းရောဂါပိုးကူးစက်ခြင်းနှင့် ဆီးမထိန်းနိုင်ခြင်းတို့လို ပြဿနာများကို ကြုံတွေ့လာရနိုင်ပါတယ်။

၂။ အချိန်အကြာကြီး စွဲစွဲမြဲမြဲ ထိုင်ခြင်း

မကြာခဏ ကိုယ်လက်လှုပ်ရှားပေးခြင်းဟာ သွေးပေါင်ချိန်နှင့် ဂလူးကို့စ် ဇီဝဖြစ်စဉ်ကို ပုံမှန်ဖြစ်စေတာနဲ့ ဆက်စပ်နေတဲ့အတွက် အသည်းကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့အချက်ပါ။ အချိန်အကြာကြီး မလှုပ်မယှက်ဘဲ ထိုင်နေခြင်းက အသည်းရောဂါဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်း မြှင့်တင်လိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ်လေ့ကျင့်ခန်းလုပ်ပေးပြီး ရပ်ကွက်တစ်ပတ်လမ်းလျှောက်ပေးပါ။

၃။ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း

အချိန်ကြာမြင့်စွာ ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကြွက်သားများကို ထိခိုက်စေနိုင်ပြီး ဖိုက်ဘာအသေဓာတ်များသည် သွေးလမ်းကြောင်းအတိုင်း စီးဝင်သွားမှာဖြစ်ပြီး ထိုမှတဆင့် အသည်းနဲ့ပတ်သက်တဲ့ စိုးရိမ်စရာ ရောဂါအခြေအနေများကို ဖြစ်စေနိုင်ပါတယ်။

၄။ အကိုက်အခဲပျောက်ဆေး အများအပြားသုံးစွဲခြင်း

Aspirin တို့လို အကိုက်အခဲပျောက်ဆေးများဟာ သင့်တင်ရုံသုံးစွဲရင် ပြဿနာမရှိပေမယ့် အလွန်အကျွံသုံးစွဲမိရင်တော့ အသည်းပျက်စီးလာနိုင်ပြီး အသည်းကျွမ်းသည်အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ နာကျင်ဝေဒနာခံစားနေရပါစေ အကိုက်အခဲပျောက်ဆေးများကို ခဏတာအတွက်နှင့် အတတ်နိုင်ဆုံး အနည်းငယ်သာသုံးစွဲဖို့ သတိရပါ။

၅။ ရေလုံလုံလောက်လောက် မသောက်သုံးခြင်း

ခန္ဓာကိုယ်အတွင်းမှ ဆိုဒီယမ်နှင့် အဆိပ်အတောက်များကို ဖယ်ရှားရန် အသည်းမှ ဆီးကိုထုတ်လုပ်ပေးရာတွင် ရေဓာတ်ပြည့်ဝနေခြင်းက ကူညီပေးပါတယ်။ ပုံမှန်အားဖြင့် ရေလုံလုံလောက်လောက် မသောက်သုံးဘူးဆိုပါက စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် အသည်းကျောက်တည်ခြင်းတို့ပါ ဖြစ်လာစေနိုင်ပါတယ်။

သာမန်လူများအနေနဲ့ အသည်းကို ကျန်းမာနေစေဖို့အတွက် တစ်နေ့လျှင် ၁.၅ မှ ၂ လီတာအထိ ရေသောက်သုံးပေးဖို့လိုအပ်ပါတယ်။

၆။ အိပ်ရေးမဝခြင်း

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနေစေဖို့အပြင် အသည်းကျန်းမာရေးအတွက် အိပ်ရေးဝဝအိပ်စက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ အိပ်စက်ခြင်းက အသည်းပုံမှန်အလုပ်လုပ်ဖို့ကို အထောက်အကူပြုပြီး အိပ်နေချိန်မှာ ခန္ဓာကိုယ်အတွင်းမှ တစ်သျှူးစများဟာ ပြန်လည်အသစ်ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် အိပ်ချိန်လုံလုံလောက်လောက်မရရှိဘူးဆိုပါက အသည်းပျက်စီးနိုင်ခြေကို မြှင့်တင်လိုက်တာနဲ့ အတူတူပါပဲ။

၇။ Diet Soda တွေ သောက်သုံးခြင်း

ကျန်းမာရေးသုတေသီများရဲ့ ပြောဆိုချက်တွေအရ Diet Soda သောက်သုံးခြင်းနှင့် အသည်းပြဿနာတွေမှာ ဆက်စပ်မှုရှိနေပါတယ်။ ၂၀၀၉ ခုနှစ်ရှိ စစ်တမ်းကောက်ချက်အရ နေ့စဉ်နေ့တိုင်း ဆိုဒါ ၂ ဘူးနှင့်အထက် သောက်သုံးတဲ့အမျိုးသမီးတွေမှာ အသည်းကျန်းမာရေးချို့ယွင်းမှုတွေ့ရကြောင်းကို ဖော်ပြထားပါတယ်။

၈။ အသားအများအပြားစားသုံးခြင်း

အသားပရိုတင်းကို အလွန်အကျွံစားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းမှာ အက်စစ်အမြောက်အမြားကို ဖြစ်ပေါ်စေပြီး အသည်းမှ ခန္ဓာကိုယ်ရဲ့ pH ကို ညီမျှအောင် မထိန်းသိမ်းနိုင်တော့ပါဘူး။ ထိုမှတဆင့် စိုးရိမ်ရတဲ့ အစာခြေဖျက်မှုနှင့် အသည်းပြဿနာများကို ပေါ်ပေါက်လာစေနိုင်ပါတယ်။

Source: BrightSide