မကောင်းတဲ့ အလေ့အကျင့်တွေလို့ ဆိုလိုက်တာနဲ့ ဆေးလိပ်သောက်ခြင်း၊ အဆီအစိမ့်များတဲ့ အစားအသောက်များ စားသုံးခြင်း စတာတွေကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း မကောင်းမှန်းမသိဘဲ လုပ်လိုက်မိတဲ့ အပြုအမူတွေ၊ အမူအကျင့်၊ အလေ့အထတွေကို ကိုယ့်အတွက်သာမက အနီးအနားက လူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

သင်လုပ်လေ့လုပ်ထရှိတဲ့ နေ့စဉ်အလေ့အကျင့်၊ အပြုအမူအချို့ကလည်း ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပေးစွမ်းနိုင်နေပါတယ်။

ဒါကြောင့် MyHealth Myanmar ရဲ့ စာဖတ်သူများ၏ ကျန်းမာရေးကို အလေးထား၍ ကိုယ့်ရဲ့ဘယ်လိုအပြုအမူ၊ အလေ့အကျင့်တွေက ဆိုးကျိုးတွေဖြစ်စေသလဲဆိုတာသိရှိပြီး ရှောင်ကြဉ်နိုင်အောင် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ အဝတ်အစားဝတ်ပြီး ညအိပ်ရာဝင်ခြင်း

ညဖက်အိပ်ရာဝင်တဲ့အခါမှာ အဝတ်အစားများဝတ်ပြီး အိပ်စက်ခြင်းက ကောင်းတဲ့အလေ့အထတော့မဟုတ်ပါဘူး။ အင်္ကျီအဝတ်အစား ကျပ်ကျပ်တွေက သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး သင့်ကိုပူအိုက်အိုက်နဲ့ သက်သောင့်သက်သာမရှိ ဖြစ်စေနိုင်ပါတယ်။ ခဏခဏမနိုးရင်တောင်မှ ကောင်းမွန်တဲ့အိပ်စက်မှုကို မရရှိအောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။

၂။ သွားကို အားနဲ့ဖိတိုက်ခြင်း

သွားကိုခပ်ပြင်းပြင်းတိုက်ပေးရင် ပိုပြီးသန့်ရှင်းတယ်လို့ လူအများက ထင်တတ်ကြပေမယ့်လည်း တကယ်တမ်းတော့ မှန်ကန်တဲ့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ သွားဖုံးကို သေချာသန့်ရှင်းနိုင်ရုံလောက်အားလေးနဲ့ပဲ ဖြည်းဖြည်းချင်းတိုက်ပေးခြင်းကလည်း သွားများကို သန့်ရှင်းစေနိုင်ပြီး သွားဖုံးတွေပျက်စီးယိုယွင်းခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

၃။ အလုပ်အများကြီး တစ်ပြိုင်နက်လုပ်ခြင်း

အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာ အလုပ်အများကြီးလုပ်နိုင်တယ်လို့ ထင်မြင်ယူဆချက်တွေဟာ တကယ်တမ်းတော့ မှားယွင်းနေပါတယ်။ သုတေသနဖော်ပြချက်များအရ ၂ ရာခိုင်နှုန်းလောက်သာလ ျှင် တကယ်ကိုထိထိရောက်ရောက် လုပ်ဆောင်နိုင်တာပါ။ ဒါကြောင့် ကိုယ်ဟာ ဒီရာခိုင်နှုန်းထဲမှာ မပါဘူးလို့ထင်ရင်တော့ လုပ်ကြည့်ဖို့မကြိုးစားပါနဲ့။ တစ်ကြိမ်မှာ တစ်ခုသာလုပ်ဖို့ ကြိုးစားခြင်းဖြင့် မကြာခင်မှာ ပိုပြီးသက်ရောက်မှုရှိလာတာကို မြင်တွေ့ရမှာပါ။

၄။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို အတင်းအကြပ် မကြိုးစားပါနဲ့

အခြားသူတွေလုပ်တာကို ကိုယ်ကလိုက်ပြီးပြောင်းလဲပေးလို့မရပါဘူး။ အဲ့လိုကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ဖိစီးခံပြီး စဉ်းစားနေလို့လည်း ဘာမှပြောင်းလဲမသွားဘဲ ကိုယ့်ကိုယ်ကို နှိပ်စက်ရာသာကျသွားပါမယ်။ ကိုယ့်ရဲ့အချိန်နဲ့ အားအင်ကို အကျိုးရှိရှိ အသုံးချပြီး ကိုယ့်ကိုယ်ကိုသာ ပိုပြီးကောင်းအောင် ကြိုးစားပါ။ အခြားသူတွေနဲ့ ကွာခြားရမယ်လို့ဆိုလိုတာမဟုတ်ဘဲ ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အရာတွေနဲ့ ပတ်သက်လို့ စိတ်ဖိစီးမခံပါနဲ့။

၅။ စိတ်ဖိစီးမခံပါနဲ့

စိတ်ဖိစီးမှုတွေများပြားလာတာနဲ့ ကိုယ့်အတွက် နေရာ၊ ဘဝ မရှိတော့ဘူးလို့ မတွေးလိုက်ပါနဲ့။ စိတ်ဖိစီးမှုတွေ တအားများလာရင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့အတွင်းစိတ်ကို အေးချမ်းမှုပေးလိုက်ပြီး စိတ်ပြေပျောက်အောင် နည်းလမ်းတစ်ခုခုရှာဖွေလိုက်ပါ။

၆။ နှောင့်နှေးကြန့်ကြာခြင်း

ဒီလိုမျိုး အလေ့အထသာ သင့်ကိုအုပ်စိုးသွားခဲ့ရင် သင့်ဘဝရဲ့ ကိစ္စတိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းမှာ ဆိုးကျိုးတွေသာ ဖြစ်လာစေနိုင်ပါတယ်။ တကယ်ဆိုးရွားတဲ့ အလေ့အထတစ်ခုဖြစ်တာကြောင့် လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်တဲ့ အကျင့်ကို မွေးမြူလိုက်ပါ။

၇။ စိတ်အလိုမကျဖြစ်တာကို ပြသတဲ့ အပြုအမူတွေ

“လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့” ဆိုတဲ့ စကားကို ကြားဖူးကြမှာဆိုပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာတော့ မြင်တာကိုပဲ အမှန်လို့ ယူဆတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သေချာလေ့လာကြည့်ပါ။ ပျော့တိပျော့ခွေနေခြင်း၊ အလိုမကျတဲ့ အပြုအမူ၊ ရန်မူလိုတဲ့ အကြည့်မျိုး စတာတွေလို ရှိနေခဲ့ရင် ချက်ချင်းပြင်လိုက်ပါ။ မဟုတ်လ ျှင် တဖက်လူက ကိုယ့်ကိုတမျိုးတွေးထင်သွားနိုင်ပါတယ်။

၈။ အကိုက်အခဲပျောက်ဆေးများ အလွယ်တကူသောက်သုံးခြင်း

သေချာနည်းလမ်းတကျ သုံးစွဲမှုမရှိဘူးဆိုလ ျှင် အကိုက်အခဲပျောက်ဆေးများက ကိုယ့်ရဲ့ကျန်းမာရေးကို ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ အာရုံစူးစိုက်မှုအား လျော့နည်းခြင်း၊ တုံ့ပြန်မှုအားနည်းပါးခြင်း စတာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

၉။ ဒေါက်မြင့်ဖိနပ် သို့မဟုတ် ဖိနပ်အပါးများ အမြဲတမ်းစီးခြင်း

ဒေါက်ဖိနပ်အမြင့်များက စီးထားတဲ့မိန်းကလေးတွေကို ခြေတံပိုရှည်သယောင်၊ အရပ်ပိုရှည်သယောင်ထင်ရစေနိုင်ပေမယ့်လည်း နေ့စဉ်နေ့တိုင်း အချိန်အကြာကြီးစီးထားမယ်ဆိုရင်တော့ နောက်ကျောရိုးကိုင်းလာပြီး တင်နဲ့ကျောရိုးမညီမညာဖြစ်လာစေနိုင်ပါတယ်။

ဖိနပ်အပါးများကလည်း ဒေါက်ဖိနပ်လို အမြင့်မဟုတ်ပေမယ့်လည်း ပြင်ညီဖြစ်တာကြောင့် အမြဲတမ်းစီးပေးမယ်ဆိုရင် ခြေဖဝါးမှာ ဒဏ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံစံမတူတဲ့ ဖိနပ်ဒီဇိုင်းများကို မကြာမကြာ အပြောင်းအလဲလုပ်ပြီး စီးပေးပါ။

၁၀။ မနက်စာအတွက် Smoothie များ စားသုံးခြင်း

မနက်စာအနေနဲ့ Smoothie များ စားပေးခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ ထင်နိုင်ပေမယ့်လည်း အာဟာရ ကျန်းမာရေး ပညာရှင်များ အရတော့ အချိုဓာတ်အများအပြားပါဝင်တာကြောင့် စားသုံးခြင်းမှ ရှောင်ရှားခိုင်းပါတယ်။ အချိုအများကြီးကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက် စားပေးလိုက်မယ်ဆိုရင် သွေးချိုပမာဏမြင့်တက်သွားရုံသာမက ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။