ကိုယ့်ချစ်ဇနီးက ရင်သွေးလေး လွယ်ထားရပါသလား။ မိတ်ဆွေ သူငယ်ချင်းတွေမှာ ကိုယ်ဝန်ဆောင်တွေရှိပါသလား။

Shrimp

ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် ကျန်းမာနေဖို့လိုပါတယ်။ မီးဖွားချိန်မှာ ကလေးကို ကျန်းကျန်းမာမာမွေးဖွားနိုင်ဖို့ ကလေးငယ် ဉာဏ်ရည်ကောင်းထက်မြတ်ဖို့ ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ကျန်မားရေးအတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်နော်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လိုစားရမလဲ

အသီးအရွက်

အသီးအရွက်တွေဟာ ကလေးငယ်ကျန်းမာဖွံ့ဖြိုးဖို့နဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက်လည်း အဓိက စားပေးသင့်တဲ့အစားအစာပါ။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အာလူး၊ မုန်လာဥ၊ ငရုတ်သီး၊ သရက်သီး၊ ငှက်ပျောသီး စတဲ့ အသီးအရွက်အမျိုးမျိုးကို စားပေးသင့်ပါတယ်။

နို့ထွက်ပစ္စည်း

dairy-products

ကိုယ်ဝန်ဆောင်ထားစဉ်မှာ အချဉ်စားချင်ကြပါတယ်။ ဒီအတွက် ဒိန်ချဉ်စားပါ။ နွားနို့ ချိစ့်တို့သောက်ပါ။

အသား

lean_meats_food_group_75650673_8_web

ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ကြက်သား ဝက်သား အမဲသား ငါး စတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အမဲသားနဲ့ ဝက်သားမှာဆို သံဓါတ် ဗီတာမင် B အုပ်စုတွေပါဝင်ပါတယ်။ အနီရောင်အသားတွေကို မစားတဲ့သူတွေကတော့ ကြက်သားစားပါ။

ရေ

pregnant-woman-in-white-drinking-from-glass-of-water

ရေကို တစ်နေ့ ၁လီတာခွဲသောက်ပေးသင့်ပါတယ်။ ဒါ့မှ ရေဓါတ်ပြည့်ဝပြီး အဟာရဓါတ်တွေ ပြည့်ပြည့်၀၀ စီးဆင်းစေမှာပါ။

ပဲအမျိုးမျိုး

iStock_73569561_wide

မြေပဲ ၊ ပဲပုပ်၊ ကုလားပဲ ၊ မတ်ပဲ စတဲ့ ပဲအမျိုးမျိုးကို စားပေးသင့်ပါတယ်။ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေလိတ်ဓါတ်၊ ပရိုတင်းဓါတ် နဲ့ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

Salmon ငါး

Fish_Consumption_Pregnancy_BlogImage

ပရိုတင်းဓါတ်နဲ့ အိုမီဂါ ၃ ဓါတ်ပါဝင်တဲ့ Salmon ငါးက ကလေးငယ်ရဲ့ ခန္တာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။

အခွံမာသီး

nutritional-benefits

သီဟိုဋ်စေ့၊ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံသီး စတဲ့ အခွံမာသီးတွေကို စားပေးပါ။

ကွေကာအုတ် နှင့် စပါးနွယ်ဝင် အစားအစာများ

Organic Whole Grains

ကွေကာအုတ်မှာ အမျှင်ဓါတ်တွေ ဗီတာမင် B ဓါတ်တွေနဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်လို့ စားပေးသင့်ပါတယ်။

ငါးကြီးဆီ

Pregnant-woman

ငါးကြီးဆီမှာ အိုမီဂါ 3 ဓါတ်ပါဝင်ပါတယ်။ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံအတွက် ကောင်းမွန်စေပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန်ကိုလည်းကောင်းမွန်စေပြီး မီးဖွားပြီးချိန်မှာ ကလေးငယ်ကို ကျန်းာမစေပါတယ်။

လိမ္မော်ရည်

လိမ္မော်ရည်မှာ ဖောလိတ်ဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C စတဲ့ဓါတ်တွေပါဝင်ပါတယ်။ သဘာဝသကြားဓါတ်လည်းပါဝင်တဲ့အပြင် ရေဓါတ်လည်း ပြည့်ဝစွာပါဝင်ပါတယ်။