အိုမင်းရင့်ရော်ခြင်းသည် သဘာဝဖြစ်စဉ်တစ်ရပ်မှန်သော်လည်း ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို ရရှိနိုင်ရန် ငွေကြေးအကုန်အကျခံနေကြသူများလည်း ရှိပေသည်။ မိမိစိတ်တိုင်းကျ ပြောင်းလဲနိုင်မှုမရှိသော်လည်း ကျန်းမာသန်စွမ်းသည့် လူနေမှုဘဝပုံစံကို လိုက်နာနိုင်ပါက ငယ်ရွယ်သောအသွင်ကို အလွယ်ကူထိန်းသိမ်းထားနိုင်မှာဖြစ်ပါသည်။

ထို့အတွက် အရွယ်နှင့်မလိုက်အောင် နုပျိုလှပနေစေမည့် အလှအပဆိုင်ရာ လျှို့ဝှက်ချက်များကို ဝေမျှပေးလိုက်ရပါတယ်။

၁။ ကောင်းမွန်သော အသားအရေထိန်းသိမ်းမှုနည်းလမ်းကို လိုက်နာကျင့်သုံးပါ။

အသက်အရွယ်အပိုင်းအခြားမရွေး ကျန်းမာလှပသည့် အသားအရေကို ရရှိရန် မှန်ကန်ကောင်းမွန်သော အသားအရေထိန်းသိမ်းမှုနည်းလမ်းများကို လိုက်နာရန် အရေးကြီးပါသည်။ သင့်အသားအရေသည် ကျန်းမာလှပနေပါက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သည့် လက္ခဏာများ ကို မြင်တွေ့မှာမဟုတ်ပေ။

၂။ အလှကုန်ပစ္စည်းများကို သေချာရွေးချယ်အသုံးပြုပါ။

လူအများစုသည် မိမိနှင့် သင့်တော်ကိုက်ညီမှုမရှိသည့် အသားအရေထိန်းသိမ်းမှုပစ္စည်းများကို ရွေးချယ်အသုံးပြုတတ်ကြပါသည်။ ထိုသို့ပြုလုပ်မိခြင်းက အသားအရေကို ယားယံခြင်း၊ ခြောက်သွေ့ခြင်း နှင့် ကျိန်းစပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

၃။ Sunscreen ကို နေ့စဉ်ပုံမှန် လိမ်းပေးပါ။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရာတွင် Sunscreen သည် အလှအပဆိုင်ရာပညာရှင်များမှ ထောက်ခံမှုရရှိထားသော အကောင်းဆုံး အလှကုန်တစ်မျိုးဖြစ်ပါသည်။ နေရောင်ခြည်မှ ထုတ်လွှတ်လိုက်သည့် ခရမ်းလွန်ရောင်ခြည်နှင့် အချိန်အကြာကြီးထိတွေ့လိုက်ခြင်းက အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထိုမှတဆင့် နေလောင်ဒဏ်အကွက်များ၊ အရေးအကြောင်းများ၊ အသားအရေညီညာမှုမရှိခြင်း၊ ခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်း အစရှိသည်တို့ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

၄။ နေ့စဉ် အိပ်ရေးဝအောင် အိပ်ပါ။

ငယ်ရွယ်နုပျိုသည့်အသွင်ကို ရရှိရန်အတွက် နေ့စဉ် ၇ နာရီမှ ၈ နာရီ အထိ အိပ်ရေးဝအောင် အိပ်စက်ဖို့ အလွန်အရေးကြီးပါသည်။ အိပ်စက်နေစဉ်အတွင်း ဆဲလ်သစ်များပြန်လည်ဖွံ့ဖြိုးသည့်အတွက် လုံလောက်သောအိပ်စက်မှုကို မရရှိပါက အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ အသားအရေကြည်လင်မှုမရှိခြင်းတို့ကဲ့သို့ အိုမင်းရင့်ရော်သော လက္ခဏာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်သာမက စိတ်ကျန်းမာရေးအတွက်ပါ သင့်တော်ကောင်းမွန်ပါသည်။ နေ့စဉ်ပုံမှန်လုပ်ခြင်းက သွေးလည်ပတ်မှုကို တိုးမြှင့်ပေးပြီး အသားအရေကို တင်းတင်းရင်းရင်းနှင့် ကျန်းမာသန်စွမ်းစေပါသည်။

၆။ မိမိကိုယ်ကို စိတ်ဖိစီးမှုများမှ အနားပေးပါ။

စိတ်ဖိစီးမှုများသည် အရွယ်အိုမင်းမှုကို ဖြစ်ပေါ်စေသည့် ကိုယ်ခန္ဓာအပြောင်းအလဲများကို ဖြစ်ပေါ်စေပါသည်။ စိတ်ဖိစီးမှုဒဏ်များကို အလွန်ခံစားလာရပါက စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပင်ပန်းအားကုန်ခြင်း တို့ခံစားလာရနိုင်ပြီး မိမိလက်ရှိအသက်ထက် ပိုအိုမင်းရင့်ရော်သည့်အသွင်ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

၇။ အစားအစာကို မှန်ကန်မျှတစွာ စားသောက်ပါ။

ကျန်းမာလှပသည့် အသားအရေကို ရရှိဖို့ရန်အတွက် ရှေးဦးစွာ ကျန်းမာသည့်စားသောက်မှုပုံစံကို လေ့ကျင့်ရန် အရေးကြီးပါသည်။ ထို့ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို တားဆီးရန်အတွက် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပေးပါ။