ညညအိပ်လို့မပျော်လို့ အိပ်ဆေးတွေ မှီဝဲတာဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဒီကနေ့ခေတ်မှာဆို ကွန်ပျူတာအကြည့်များတာ ဖေ့ဘုတ်သုံးတာကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တာတွေ များလာပါတယ်။ ဒီအတွက် ဒီဆေးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

foodforsleepshutterstock_133083593

နွားနို့ ၁ ခွက်

Vannilla Essence လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆေးဆိုင်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ရှာလို့မရရင်လည်း သစ်ကြမ်းပိုးခါက်မှုန့် သုံးပါ)

ပျားရည်

ပြုလုပ်နည်း

sleepingredients

နွားနို့ကို အိုးတစ်လုံးထဲထည့်ပြီး အပူပေးပါ။ ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပါ။

ပြီးရင် ပျားရည်နဲ့ Vanilla Essence နဲ့ ပျားရည်ထည့်ပါ။ သေချာမွှေပေးပြီး အိပ်ယာမဝင်ခင်သောက်ပါ။

drinksforsleep-370x300

ကောင်းမွန်စွာ အိပ်ပျော်ပြီး အိပ်မက်လှလှမက်ကြပါစေ။