အမြတ်ငွေ ၁၀၀ % ကိုဒေါက်တာထိန်အခမဲ့ဆေးခန်း၏ဆေးဝါးထောက်ပံ့မှုအတွက်အသုံးပြုမည်ဖြစ်သော ဓါတ်ခွဲခန်းတွင် ရောဂါရှာဖွေစမ်းသပ်မှုများကို အခြားဆေးရုံဆေးခန်းများထက် ၂ဆနိမ့်ပြီး သက်သာသော ဈေးနှုန်းများဖြင့် ဆေးစစ်မှုများ ပြုလုပ်နိုင်မည့်အပြင် ကုသိုလည်းရနိုင်မဲ့ သတင်းကောင်းလေးပဲဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူများအားထားရာ Dr. Htein Free Clinic ကို ၂၀၁၃ခုနှစ် စက်တင်ဘာလမှစတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ တောင်ဥက္ကလာတွင် ဆေးခန်း (၂ခန်း) ၊မင်္ဂလာဒုံ ပုလဲမြို့သစ်တွင် ဆေးခန်း(၁ခန်း) ၊ တောင်ဒဂုံမြို့နယ် ရွာသာကြီးတွင် ဆေးခန်း(၁ခန်း) ၊လှည်းကူးမြို့နယ် ဖားအောက်တောရတရာစခန်းတွင် ဆေးခန်း(၁ခန်း) စုစုပေါင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း(၅ ခန်း) ဖွင့်လှစ်ထားပြီး ငွေကြေးချို့တဲ့အဆင်မပြေသူမျာအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်ကုသမှုများ(အခမဲ့) ပြုလုပ်ပေးလျှက်ရှိရာ နေ့စဉ်လူနာပေါင်း (၈၀) ဦးခန့်အား ကျန်းမာရေးစစ်ဆေးကုသပေးလျှက်ရှိနေပါတယ်။ ထို အခမဲ့ဆေးခန်းအတွက် လိုအပ်သော ဆေးဝါးများနှင့် ဆေးခန်းတည်တံ့ရန် ရန်ပုံငွေ တစ်ဖက်တစ်လမ်းမှရပြီး ဆေးစစ်နိုင်တဲ့ဓာတ်ခွဲခန်းကို တည်ထောင်လိုက်တာပဲဖြစ်ပါတယ်။

နေမကောင်းဖြစ်မှ ဆေးရုံဆေးခန်းပြေးပြရတဲ့အခါတွေမှာ ငါပုံမှန်တစ်ခေါက်လောက်တော့ Medical Check Up လုပ်ကြည့်ခဲ့ရင် ကောင်းသားလို့ စဉ်းစားမိကြမှာပါ။ ရောဂါအသိနောက်ကျပြီး ကုသမှ ငွေကုန်ကြေးကျများ၊ လူပင်ပန်းကြရတဲ့ ပတ်ဝန်းကျင်ကသူတွေမြင်တိုင်း စောစော ကြိုသိခဲ့ရင်ကောင်းသားလို့ တွေးမိမှာပါ။ ကိုယ့်လခလေးတွေကို အပိုင်းပိုင်းခွဲပြီး သုံးစွဲစုဆောင်းနေချိန်မှာ တစ်စိတ်တစ်ပိုင်းလောက်ကိုတော့ အမှန်တကယ် လိုအပ်တဲ့သူတွေဆီလှူချင်လိုက်တာလုိ့ စဉ်းစားမိကြမှာပါ။ DHFC ဓာတ်ခွဲခန်းမှာ Medical Check Up ပြုလုပ်ကြရင်း ထွက်ပေါ်လာတဲ့ အမြတ်ငွေ တစ်ရာ ရာခိုင်နှုန်းကို ဒေါက်တာထိန်အခမဲ့ ဆေးကုခန်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့မှာဖြစ်လို့ ဆေးစစ်ရင်းကုသိုလ်ယူနိုင်ပါပြီ။
အမျိုးအစားတွေကတော့
??BASIC. – 50,000 ကျပ်
??PREMIUM – 170,000 ကျပ်
??COMPREHENSIVE – 300,000 ကျပ်
“Individual Medical Check Up”
မိမိကိုယ်တိုင် တစ်ဦးတစ်ယောက်ချင်းစီ ဖြစ်ဖြစ်၊ မိမိ မိသားစု ၊ လူကြီးမိဘတွေကို ဖြစ်ဖြစ် Annual Check Up အနေနှင့် စစ်ဆေးပေးမယ်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ရာလဲရောက် ငွေကြေးအင်အားချို့တဲ့လို့ ဆေးဝါးလိုအပ်နေသူတွေဆီ လှူဒါန်းရာလဲရောက်လို့ လူကြီးမိဘတွေကို ပြောပြကြည့်ဖို့ တိုက်တွန်းပါရစေ။

“Pre- Employment Check Up or Annual Staff Medical Check Up”
နှစ်စဉ်အလုပ်ခွင်ကျန်းမာရေး စစ်ဆေးချက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ အလုပ်မဝင်မီ ကျန်းမာရေး စစ်ဆေးချက်အနေနဲ့ပဲဖြစ်ဖြစ် ဆိုင်ဝန်ထမ်း၊ ရုံးဝန်ထမ်းတွေ တစ်စုတစ်စည်းထဲ Medical Check Up ပြုလုပ်မယ်ဆိုရင်တော့ အလုပ်ရုံ၊ ရုံးနေရာထိ လာရောက်စစ်ဆေးပေးပြီး အဖြေများကိုလည်း ပြန်လည်ပို့ပေး၊ ရှင်းပြပေးမှာပါ။ အလုပ်လဲ မပျက်ပဲ အချိန်ကုန်သက်သာမှာမို့ အလုပ်က အထက်လူကြီးများကိုလဲ အသိပေးလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
ဆက်သွယ်စုံစမ်းရန် – 09452550050, 09452550060






