ကိုယ်ဝန်ဘာကြောင့်ပျက်သလဲ မသိနိုင်တာက အများဆုံးဖြစ်တယ်။ အကြောင်းတရားတွေရှိတယ်။

၁။ Chromosomal abnormalities ခရိုမိုဇုန်း မူမမှန်ခြင်း၊ Trisomy 21 (Down syndrome) ဒေါင်းဆင်ဒရုမ်း။

၂။ Thyroid disorders ခေါ် လည်ပင်းကြီး ဟော်မုန်း နည်းခြင်းနဲ့ များခြင်း၊

၃။ Diabetes ဆီးချို၊

၄။ Lifestyle လူနေမှုပုံစံ။ အဝလွန်ခြင်း၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ဖိအားများခြင်း။

၅။ Physical complications ရုပ်ပိုင်းဆိုရာချို့ယွင်းချက်များ၊ septum or polyps, or cervical incompetency မျိုးပွါးလမ်း ချို့ယွင်းချက်တွေကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်ဘာ့ကြောင့်ပျက်ရသလဲ

Source: self.com

၆။ Blood clotting disorders သွေးခဲစနစ်ချို့ယွင်းခြင်း၊ ဥပမာ Factor V Leiden ရောဂါရှိနေခြင်း။

၇။ Immunological disorders ခုခံအားခေါ် ရောဂါပြီးစနစ်ချို့ယွင်းချက်ရှိခြင်း၊

၈။ Infection ရောဂါပိုးဝင်ခြင်း၊ ရူဘဲလားပိုးဝင်ခြင်း။

၉။ အမျိုးသမီး အသက် ၃၅ နှစ်ကျော်သူတွေမှာ ပိုများတယ်။ အသက် ၂ဝ အောက်ထက် အသက် ၄ဝ ရှိသူတွေမှာ ကိုယ်ဝန်အလိုလိုပျက်တာ ၁၂% ကနေ ၁၅% ပိုများတယ်။

ကိုယ်ဝန်ဘာ့ကြောင့်ပျက်ရသလဲ – 2

Source: Today’s Parent

အဲဒီ (၉) ချက်ထဲမှာ မေးကြတဲ့ လူတကာစားကြသောက်ကြတဲ့ ကိုယ်တိုင်လည်း စားခဲ့သောက်ခဲ့တဲ့ အစားအသောက်တွေ မပါဝင်ပါ။

Miscarriage ခေါ် ကိုယ်ဝန်အလိုလိုပျက်ခြင်းဆိုတာ ကိုယ်ဝန် ၂ဝ ပတ် (၅ လ) မတိုင်မီ မဖျက်ပဲနဲ့ အလိုလိုပျက်တာကို ခေါ်တယ်။ လေ့လာမှုတခုအရ ကိုယ်ဝန် ၅ဝ% က ပျက်တယ်။ ပျက်မှန်းမသိသူတွေများတယ်။ သိတဲ့ကိုယ်ဝန်ပျက်ခြင်းက ၁၅% ကနေ ၂၅% သာရှိတယ်။ ၈ဝ% ဟာ ၃ လအောက် ပျက်တယ်။

ကျွန်တော့်ကောက်ချက်ကတော့ ကံတရားလည်းပါတယ်။

Credit: ဒေါက်တာတင့်ဆွေ

Featured Image Source: Medical News Today