ဒီနေ့ကတော့ MyHealth Myanmar ပရိတ်သတ်ကြီးအတွက် ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ Migraineလို့ခေါ်တဲ့ ရိုးရိုးခေါင်းကိုက်တာထက် ပိုမိုပြင်းထန်တဲ့ခေါင်းကိုက်ရောဂါ အကြောင်းပဲဖြစ်ပါတယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့လည်း နာတာရှည်ဖြစ်လေ့ရှိပြီး ခေါင်းကိုက်တယ်ဆိုတာနဲ့ ပျို့ချင် အန်ချင်စိတ်ပါ တစ်ခါတည်း တွဲဖြစ်လေ့ရှိတဲ့အတွက် တချို့ဆို တစ်ခါတည်း ထိုးအန်တတ်ပါတယ်။ ပြီးတော့ မျက်စိထဲမှာ ပုံမှန်မဟုတ်တဲ့ အလင်းရောင်တွေ ပြိုးပြိုးပြက်ပြက်တွေ မြင်ရလေ့ရှိပါတယ်။ (Visual disturbance)  များသောအားဖြင့် မျိုးရိုးလိုက်တတ်ပြီး အဖေ သို့မဟုတ် အမေလုပ်သူမှာ Migraine ရှိခဲ့ရင် သားသမီးအချို့လည်း ဒီရောဂါရနိုင်တာဖြစ်ပါတယ်။

ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာ ခေါင်းတစ်ခုလုံး ကိုက်တာရှိသလို တစ်ခါတစ်လေမှာ ခေါင်းတစ်ခြမ်းဘဲကိုက်လို့ ‌‌ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့လည်း လူသိများလေ့ရှိပါတယ်။

ပြင်းထန်တဲ့Migraine ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ ကုသနည်းတချို့

အဓိကဖြစ်ရတဲ့အကြောင်းရင်းတွေကတော့…

အဓိကအချက်ကတော့ ဦးခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက် ကျယ်သွားလို့ ဖြစ်ပါတယ်။ သွေးကြောတွေ ကျယ်သွားတော့ သူ့ရဲ့နံရံမှာရှိတဲ့ အာရုံကြောလေးတွေကို လှုံ့ဆော် (Irritate)တဲ့အတွက် ရုတ်တရက် ခေါင်းကိုက်လာရခြင်းဖြစ်ပါတယ်။ သွေးကြောတွေ ရုတ်တရက် ဘာကြောင့် ကျယ်သွားရသလဲဆိုတာတော့ ပြောဖို့ခက်တဲ့အတွက် တိတိကျကျတော့ မဟုတ်ပေမဲ့ ဆက်စပ်တဲ့အကြောင်းအရာအနေနဲ့

  • အချို့သောအစားအစာတွေကြောင့် Migraine attack ရတတ်ပါတယ်..
  • သွေးထဲမှာ ဂလူးကို့စ်ဓာတ် ရုတ်တရက် လျော့နည်းသွားခဲ့ရင် Migraine attack ရတတ်ပါတယ်..
  • အမျိုးသမီးဟော်မုန်းတွေကြောင့် Migraine ရတတ်ပါတယ်..
  • Stress လို့ခေါ်တဲ့ စိတ်ပူပင်သောကတို့ကြောင့် Migraine ရတတ်ပါတယ်..
  • ပြင်းထန်တဲ့လေ့ကျင့်ခန်း (Vigorous exercises) တွေကြောင့်လည်း Migraine ရတတ်ပါတယ်..

ပြင်းထန်တဲ့Migraine ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ ကုသနည်းတချို့ – 2

Migraine ခေါင်းကိုက်ဝေဒနာခံစားရရင် ဘယ်လိုကုသရမလဲဆိုတာ…

  • ပထမဆုံး စိတ်ရောကိုယ်ပါ ချက်ချင်းအနားယူလိုက်ပါ။
  • အကိုက်အခဲပျောက်ဆေးတစ်ခုခု မြန်မြန်သောက်ပါ။ အစာနဲ့အတူသောက်ဖို့ မမေ့ပါနဲ့။
  • ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေရှိရင်လည်း ချက်ချင်းသောက်ပါ.. ဥပမာ Triptans, Avamigran, Propranolol စတဲ့ဆေးများ
  • ရှောင်ရမယ့်အစားအစာတွေကို လုံးဝရှောင်ပါ.. ဥပမာ ချောကလက်၊ ဒိန်ခဲ၊ ဝိုင်အရက်၊ ဘီယာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဆိုဒါပါသောအချိုရည်များ
  • ဟင်းရွက်စိမ်းများ၊ ငါးကြီးဆီ၊ Omega – 3 ပါသောအစားအစာများကို စားပေးသင့်ပါတယ်။
  • ညအိပ်ခါနီး၁၅ မိနစ်- မိနစ် ၃၀ တရားထိုင်ပေးပါ။
  • ပတ်ဝန်းကျင်ကို အလင်းရောင်မများဘဲ ဆူညံသံမများဘဲ ရှိအောင်ထားပါ..
  • ပခုံးနဲ့ လည်ပင်းနောက်ပိုင်းကို အကိုက်အခဲပျောက်လိမ်းဆေး တစ်မျိုးမျိုးလိမ်းပြီး ငြင်သာစွာ နှိပ်ပေးနိုင်ပါတယ်..
  • အပ်စိုက်ကုသမှု ခံယူနိုင်ပါတယ်..

ဒါ့အပြင် ဂျင်ဆင်းပါဝင်တဲ့ဆေးဝါးတွေဟာ stress ကိုလျော့စေလို့ ပုံမှန်သောက်ရင် Migraine attack လျော့သွားစေပါတယ်..

Reference; Dr. Khin Maung Lwin