မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ မေလ ၂၉ ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ Mytel ဝန်ထမ်းများစုပေါင်းပြီး အမျိုးသားသွေးဌာန National Blood Center မှာ သွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့ကြပါတယ်။

လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေ Mytel ရဲ့ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

အဆိုပါလှူဒါန်းမှုကို Mytel ရဲ့ CEO Mr. Nguyen The Nghia ဦးဆောင်ပြီး ဝန်ထမ်းအယောက် ၇၀ တို့က တစ်ဦးလျှင် သွေး ၄၅၀ မီလီမီတာခန့်နဲ့ စုစုပေါင်း ၃၁.၅ လီတာခန့် လှူဒါန်းခဲ့ကြပါတယ်။ သွေးတစ်ယူနစ်လျှင် လူ့အသက် ၃ ချောင်းကယ်တင်နိုင်တဲ့အတွက် Mytel ဝန်ထမ်းများရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းမှ လူ့အသက် ၂၁၀ ခန့် ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူ့အသက်တစ်ချောင်း ကယ်တင်ရာမှာ အရေးတကြီးလိုအပ်တဲ့  သွေးလှူဒါန်းခြင်းကို Mytel ဝန်ထမ်းများက စိတ်အားတက်ကြွပြီး တက်ညီလက်ညီ ပါဝင်လုပ်ဆောင်ခဲ့တာဟာ ကြည်နူးစရာမြင်ကွင်းလည်း ဖြစ်ပါတယ်။

လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေ Mytel ရဲ့ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ် – 2

Mytel အနေနဲ့ မြန်မာနိုင်ငံဈေးကွက်တွင်း စတင်ဝင်ရောက်လာကတည်းက လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှု နဲ့ ဘာသာသာသနာအတွက် ထောက်ပံ့ကူညီခြင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာတဲ့အခါ ဘေးဒုက္ခခံစားကြရတဲ့ ပြည်သူပြည်သားများအတွက်လည်း အားသွန်ခွန်စိုက် ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေ Mytel ရဲ့ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ် – 3

ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့  မြန်မာနိုင်ငံရှိကျောင်းတွေမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံစားနေရတဲ့ ပြည်သူများအတွက် ရည်ရွယ်ပြီး ဝေလုကျော်ဖောင်ဒေးရှင်းကို လှူဒါန်းပေးခြင်းတို့ကိုလည်း ပြုလုပ်  ဆောင်ရွက်ခဲ့ပါတယ်။ Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ်  ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။