ဒဏ်ရာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက သန်မာပျော့ပျောင်းတဲ့ ကြွက်သားများ၊  အဆစ်များ တင်းမာမှုနဲ့ ဒဏ်ရာကို ခံနိုင်ရည်ရှိခြင်းတို့ပါ။  ဒါ့အပြင် တချို့သော လေ့ကျင့်ခန်းတွေက နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို ပိုဖြစ်စေတဲ့ လေ့ကျင့်ခန်းကိုတော့ ဘယ်တော့မှ မလုပ်ရဘူးဆိုတာတော့ သတိရပါ။

Double Knee To Chest

ဒူးခေါင်းနဲ့ တင်ပါးအတွက်အိမ်တွင်းလေ့ကျင့်ခန်းများ

အရင်ဆုံး ပက်လက်လှန်ပြီး လှဲလိုက်ပါ။ ဒူးကို ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်းတင်ပါ၊ လက်နဲ့ဆယ်စက္ကန့်လောက် ဖိထားပါ၊ ထို့နောက် မူလအနေအထားသို့ ပြန်သွားပါ။

“Unweighted Exercises” Leg Cycle Exercise

ဒူးခေါင်းနဲ့ တင်ပါးအတွက်အိမ်တွင်းလေ့ကျင့်ခန်းများ – 2

ခြေထောက်နှစ်ချောင်းကို အပေါ်မြှောက်ပြီး စတင်လိုက်ပါ။ ဟန်ချက်ညီစေဖို့ လက်နှစ်ဖက်လုံးကို ဘေးကို ဆန့်ထုတ်လိုက်ပါ။ လေထဲမှာ ခြေထောက်နဲ့ စက်ဘီးစီးခြင်းကို စတင်လိုက်ပါ။

Leg ADduction

ဒူးခေါင်းနဲ့ တင်ပါးအတွက်အိမ်တွင်းလေ့ကျင့်ခန်းများ – 3

ပုံမှာပြထားတဲ့အတိုင်း ကုလားထိုင်အပေါ်မှာ  ခြေတစ်ချောင်းကိုထားပြီး နောက်တစ်ချောင်းကို မြေကြီးပေါ်မှာ ထားပါ။ မြေကြီးပေါ်ကခြေထောက်ကို ကုလားထိုင်နားထိ ဆယ်စက္ကန့်လောက် မြှောက်လိုက်ပါ။ ပြီးရင် ခြေထောက်ကို ကြမ်းပြင်ပေါ် ပြန်ထားပါ။

Unweighted Flexion

ဒူးခေါင်းနဲ့ တင်ပါးအတွက်အိမ်တွင်းလေ့ကျင့်ခန်းများ – 4

ဟန်ချက်ညီစေဖို့ ကုလားထိုင်နောက်မှာ ရပ်ပါ။ ဘယ်ခြေထောက်ကို ကိုးဆယ်ဒီဂရီလောက်ကွေးလိုက်ပါ။  ဆယ်စက္ကန့်လောက် ဖိထားပြီး နဂိုအနေအထားကို ပြန်သွားပါ။ ခြေထောက်ကိုပြောင်းပြီး ခြေထောက်တစ်ဖက်စီနဲ့ ဆယ်ကြိမ်ထပ်လုပ်ပါ။

Knee Full Extension Exercise

ဒူးခေါင်းနဲ့ တင်ပါးအတွက်အိမ်တွင်းလေ့ကျင့်ခန်းများ – 5

ဒူးကို ကိုးဆယ်ဒီဂရီကွေးလို့ရတဲ့ထိုင်ခုံမှာ အရင်ဆုံး ထိုင်လိုက်ပါ။ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းချင်းမြှင့်ပါ။ငါးစက္ကန့်လောက် ထားပြီး မြေပေါ်ကို ဖြည်းဖြည်းချင်း ပြန်ထားလိုက်ပါ။ နောက်တစ်ဖက်ကို ဒီအတိုင်းလုပ်ပေးပါ။  တတ်နိုင်ရင် ထပ်ခါထပ်ခါ လုပ်ပါ။