Cucumber Lemon Ginger Water လေးကို မနက်ပိုင်းမှာ  အစာမစားမီ သို့မဟုတ် အစာစားပြီတဲ့အခါ တစ်ခွက်သောက်ပေးပါ။ Ginger Water က ရေဓာတ်ကို ဖြည့်တင်းပေးပြီး အစာချေဖျက်မှုကို ကူညီပေးတာကြောင့် ကိုယ်အလေးချိန် လျော့ကျဖို့ကို အများကြီး အထောက်အကူဖြစ်စေပါတယ်။

ပူပြင်းတဲ့နွေရာသီမှာ ဒီလိုအေးမြတဲ့ Ginger Water လေးကို  သောက်ကြည့်လိုက်ပါ။ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးမှာ အသေချာပါ။

ရေဓာတ်ကို မြှင့်တင်ပေးတယ်

Ginger Water ကပေးတဲ့ အကျိုးကျေးဇူး ( ၅ ) ချက်

သခွားသီးမှာ ရေ 95% နီးပါးပါဝင်တာကြောင့် ရေဓာတ်ကိုပိုမိုရရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးထွက်လို့ ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ အားပြန်ဖြည့်ဖို့ အကောင်းဆုံးပါပဲ။ ရေဓာတ်ကို ဖြည့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။

ကိုယ်အလေးချိန်ကျဖို့ ကူညီပေးတယ်

Ginger Water ကပေးတဲ့ အကျိုးကျေးဇူး ( ၅ ) ချက် – 2

ရေဓာတ်မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ အစာမစားမီ Ginger Water တစ်ခွက်သောက်တာက သံပရာရည်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Pectin ပါဝင်တာကြောင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ Chiaစေ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေက ကိုယ်အလေးချိန်ထိန်းဖို့ ကူညီပေးပါတယ်။

အူကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်

Ginger Water ကပေးတဲ့ အကျိုးကျေးဇူး ( ၅ ) ချက် – 3

ဂျင်းအမြစ်က အစာမကြေခြင်းကို ကူညီပေးပြီး ပျို့အန်ခြင်းကို သက်သာစေသလို သခွားသီးက အမျှင်ဓာတ်ကို မြှင့်တင်ပေးပြီး ဝမ်းချုပ်တာကို ရှောင်ရှားနိုင်အောင် ကူညီပေးပါတယ်။ သံပယိုမှာ အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေတဲ့ အသည်းနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ Citric Acid ပါဝင်ပါတာကြောင့် အူကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

Ginger Water ကပေးတဲ့ အကျိုးကျေးဇူး ( ၅ ) ချက် – 4

သံပယိုသီးမှာ ဗီတာမင် C မြင့်မားစွာပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကနေ သတ္တုဓာတ်များကို  ပိုပြီး ကောင်းကောင်းစုပ်ယူနိုင်စေဖို့ ကူညီပေးပါတယ်။

ကျန်းမာသောအသားအရေကိုရစေပါတယ်

Ginger Water ကပေးတဲ့ အကျိုးကျေးဇူး ( ၅ ) ချက် – 5

အစာချေဖျက်တာက အရေပြားကျန်းမာရေးကို  မြှင့်တင်ပေးနိုင်တာကြောင့် ရောင်ရမ်းမှုကို သက်သာစေပြီး သဘာဝအတိုင်း တောက်ပစေပါတယ်။