Oxford Business Group ၏ အွန်လိုင်းရုပ်သံချန်နယ်လိုင်း တစ်ခုဖြစ်သည့် Global Platform သည် မကြာသေးမီက မြန်မာနိုင်ငံရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ဆေးရုံများသို့ ဆေးကုသမှု ဆိုင်ရာအထောက်အကူပြုပစ္စည်းများဖြန့်ချိသည့် ဥက္ကာသီရိ ကုမ္ပ္ပဏီ၏ ဥက္ကှဋ္ဌ ဒေါက်တာဒေါ်စန်းစန်းရီအား တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးတွင် ဒေါက်တာဒေါ်စန်းစန်းရီသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အကြောင်းနှင့် ကဏ္ဍအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် ပြည်တွင်းတွင် ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူသော ပြည်သူလူထု အရေအတွက် ပိုမိုများပြားလာသည့် အကြောင်းအရာများ အစရှိသည်တို့နှင့် ပတ်သက်၍ မျှဝေပြောကြားခဲ့ပါတယ်။
အင်တာဗျုး ဗီဒီယိုအပြည့်အစုံအား https://oxfordbusinessgroup.com/video/san-san-yi-chairman-okkar-thiri တွင် ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံတွင် ၁၉၈၀ ခုနှစ်ဝန်းကျင်၌ ဖွင့်လှစ်လည်ပတ်လျက်ရှိသော ပုဂ္ဂလိကဆေးရုံသည် အရေအတွက်အားဖြင့် ခုဂဏန်းမျှသာရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင်မူ ပုဂ္ဂလိကဆေးရုံပေါင်း ၂၅၀ ထိ တိုးမြင့်လာခဲ့ပြီဖြစ်ကြောင်း ဒေါက်တာဒေါ်စန်းစန်းရီကပြောကြားခဲ့သည်။ “ကျန်းမာရေး ကဏ္ဍက အလားအလာရှိတဲ့ ကဏ္ဍတစ်ခုဖြစ်တာနဲ့အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက တရှိန်ထိုးဝင်ရောက်လာကြပါတယ်။ နောက်ပြီး အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု (Public-Private partnership) တွေဟာလည်း စတင်စမ်းသပ်အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ဟု OBG သို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနှင့် စီးပွားရေးကဏ္ဍအတွင်းရှိ နယ်ပယ်အများအပြားအား နိုင်ငံတကာမှ ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခွင့် ဆက်လက်ပေးအပ်နေသည့်အချိန်တွင် ဒေါက်တာဒေါ်စန်းစန်းရီ၏ သုံးသပ်ချက်များသည် ရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ဝင်စားမှုလျော့ကျသွားသည့်အချက်နှင့် ဆန့်ကျင် လျက်ရှိပါတယ်။
ကျန်းမာရေးကဏ္ဍအတွင်း နာမည်ကြီးနိုင်ငံတကာကုမ္ပဏီများ ဝင်ရောက်လာခြင်းသည် နိုင်ငံအတွင်းရှိ အခြားသော ပုဂ္ဂလိကဆေးရုံများကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခဲ့ပြီး ယခုအချိန်တွင် linear accelerators အစရှိသည့် အဆင့်မြင့်ကျန်းမာရေးစစ်ဆေးမှုကိရိယာများသည်လည်း ရန်ကုန် အပါအဝင် မြန်မာနိုင်ငံရှိ အခြားသော နေရာဒေသများတွင် တပ်ဆင်ထားပြီးဖြစ်ပါတယ်။ “ပြည်တွင်းမှာ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ ပြည့်စုံတိုးတက်လာတာကြောင့် ပြည်ပကိုသွားရောက်ပြီး ဆေးကုသမှုခံယူသူအရေအတွက် တစ်နှစ်ထက် တစ်နှစ်နည်းလာပါတယ်” ဟု ဒေါက်တာ ဒေါ်စန်းစန်းရီက ပြောကြားခဲ့ပါတယ်။
ထို့ပြင် ပြည်ပရောက်ဆရာဝန်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အတွက် ပြည်သူများအနေဖြင့် ဆေးခန်းပြသရန် စောင့်ဆိုင်းရသည့် အချိန်များမှာလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း ဒေါက်တာစန်းစန်းရီက မှတ်ချက်ပေးခဲ့ပါတယ်။
ဒေါက်တာဒေါ်စန်းစန်ရီနှင့် တွေ့ဆုံမေးမြန်းချက်များအရ လွန်ခဲ့သော ၅ နှစ်တာကာလနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရသည့် အပြင် လူတိုင်းလက်လှမ်းမီနိုင်မည့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (universal health coverage) နှင့် ပတ်သက်သည့် စီမံကိန်းများစတင်လုပ်ဆောင်သည့်အခါတွင်လည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြေရှိသည်ဟူသည့်အချက်ကို ပိုမိုသေချာသွားစေခဲ့သည်ဟု OBG ၏ Director of PR and Video Content ဖြစ်သူ Marc-André de Blois က ပြောကြားခဲ့ပါတယ်။
“ဒေါက်တာဒေါ်စန်းစန်းရီအနေနဲ့ ပုဂ္ဂလိကဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေ ပိုမို လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ကို အဓိကပြောကြားခဲ့တဲ့အပြင် နိုင်ငံသူနိုင်ငံသားတွေအတွက်လည်း ကျန်းမာရေးအာမခံစနစ်တစ်ရပ်ကို စတင်မိတ်ဆက်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒေါက်တာဒေါ်စန်းစန်းရီရဲ့ ထင်မြင်သုံးသပ်ချက်တွေဟာ မြန်မာ့ကျန်းမာရေးစောင့်ရှောက် မှု ကဏ္ဍအတွင်းက အလားအလာကောင်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာဖြစ်လာမှာ အသေအချာပဲဖြစ်ပြီး ဒီသုံးသပ်ချက်တွေကို အခုရုပ်သံအစီအစဉ်ကနေတဆင့် ထုတ်လွှင့်ပြသနိုင်ခဲ့တဲ့အတွက်လည်း အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
Oxford Business Group မှ နောက်ဆုံးရသတင်းများရယူရန် Link ကို နှိပ်ပါ။ http://www.oxfordbusinessgroup.com/country-reports
Global Platform အကြောင်း
Global Platform သည် Oxford Business Group ၏ လူကြိုက်များသော ဒစ်ဂျစ်တယ်ရုပ်သံလိုင်း တစ်ခု ဖြစ်သည်။ OBG ၏ သုတေသနပြုလုပ်မှုဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်သော Global Platform သည် Deloitte မှ တသီးပုဂ္ဂလစိစစ်အတည်ပြုထားသော စီးပွားရေးပိုင်းဆိုင်ရာအချက်အလက်များကို ပေးအပ်နေသည့် ပုံနှိပ်အစောင်ရေ ၁၅၀,၀၀၀ ရှိသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Global Platform သည် နိုင်ငံတကာစီးပွားရေးအသိုင်းအ၀ိုင်း အတွင်းရှိ ကဏ္ဍပေါင်းစုံမှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံမေးမြန်း၍ ၎င်းတို့၏ စီးပွားရေးပိုင်းဆိုင်ရာ ခွဲခြမ်းစိပ်ဖြာသုံးသပ်ချက်များနှင့် နောက်ဆုံးရသတင်းအချက်အလက်များအား ကြည့်ရှုသူများထံ ပေးအပ်လျက်ရှိပါတယ်။
Oxford Business Group ၏ ဒစ်ဂျစ်တယ်အကြောင်းအရာများကို Global Platform အပြင် နိုင်ငံတကာမှ နာမည်ကြီး စီးပွားရေးဆိုင်ရာသတင်းဌာနများမှတဆင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်။ OBG သည် Bloomberg နှင့် Eikon ၏ သတင်းဌာနများနှင့်လည်း ဖြန့်ဝေမှုဆိုင်ရာသဘောတူညီချက်များရှိထား Bloomberg ၏ professional ၀န်ဆောင်မှုရယူထားသူများနှင့် Thomson Reuter’s Eikon terminal ဖတ်ရှုသူများသည်လည်း OBG မှ ထုတ်ဝေသည့် အကြောင်းအရာများအား ရယူဖတ်ရှုသွားနိုင်မည် ဖြစ်ပါတယ်။
Oxford Business Group အကြောင်း
Oxford Business Group (OBG) သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကတိုက်များမှ နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ဈေးကွက်ပေါင်း ၃၀ ကျော်တွင် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအား ပြုလုပ်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များအား ပေးအပ်သည့် ဂုဏ်သိက္ခာကြီးမားပြီး ထင်ရှားသော လုပ်ငန်းစုတစ်ခုဖြစ်ပါတယ်။
OBG သည် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များအား ၎င်းထံတွင် စာရင်းပေးသွင်းထားသူများထံသို့ များပြားလှသော နည်းလမ်းများဖြင့် ပေးအပ်လျက်ရှိပြီး အဆိုပါနည်းလမ်းများတွင် စီးပွားရေးဆိုင်ရာ သတင်းများနှင့် ရှု့ထောင့်များ၊ OBG ၏ စီးပွားရေးဆိုင်ရာ တိုင်းတာမှုတစ်ရပ်ဖြစ်သည့် အမှုဆောင် အရာရှိချုပ်များနှင့် တွေ့ဆုံစစ်တမ်းကောက်ယူများ၊ ဆွေးနွေးပွဲ စကားဝိုင်းများနှင့် အစည်းအဝေးများ၊ နိုင်ငံတကာ ပလက်ဖောင်းတစ်ခု ဖြစ်သည့် အထူးသီးသန့် ဗီဒီယို တွေ့ဆုံမေးမြန်းမှုများ၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းများ နှင့် ၎င်း၏ အတိုင်ပင်ခံ လုပ်ငန်းဆောင်ရွက်မှုများ စသည်တို့ ပါဝင်ပါတယ်။ ၎င်း၏ သတင်းထုတ်ကုန်များမှတဆင့် OBG သည် macroeconomics နှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ တိကျ ပြည့်စုံသော လေ့လာဆန်းစစ်မှု များအား ထုတ်ပြန်ပေးအပ်လျက် ရှိပါတယ်။
OBG သည် မတူညီသော နေရာဒေသများမှ ၆ သန်းသော တိုက်ရိုက် စာရင်းပေးသွင်းထားသူများ၊ Dow Jones Factive တွင် စာရင်းပေးသွင်းထားသူ ၁.၂ သန်းကျော်၊ Bloomberg Professional Services တွင် စာရင်းပေးသွင်းထားသူပေါင်း ၃၂၅,၀၀၀ နှင့် Refinitiv (ယခင် Thomson Reuters) Eikon တွင် စာရင်းပေးသွင်းထားသူ ၃၀၀,၀၀၀ ကျော်နှင့် အခြားသောစာရင်းပေးသွင်းထားသူများထံသို့ မတူညီသော ပလက်ဖောင်းများမှတဆင့် ၄င်း၏စီးပွားရေးပိုင်းဆိုင်ရာ သတင်းအချက်အလက်များအား ပေးအပ်လျက်ရှိပါတယ်။





