Vietjet လေကြောင်းလိုင်းသည် ကမ္ဘ့ာအနှံ့ရှိ အမြင်အာရုံချို့ယွင်းသူများကို အမြင်အာရုံကူညီစောင့်ရှောက်မှုပေးနေသော နိုင်ငံတကာ (NGO) အဖွဲ့အစည်း တစ်ခုဖြစ်သည့် Orbis နှင့် ဗီယက်နမ်နိုင်ငံရှိ ပြည်သူများအား အမြင်အာရုံပေးရန်အတွက် ပူးပေါင်းဆောင်ရွက်လိုက်ပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဗီယက်နမ်တွင်ပြုလုပ်ကျင်းပသော ၁၇ နှစ်ကြိမ်မြောက် Vietnam’s Eye Care Service နှင့် ၁၀ ကြိမ်မြောက် Flying Eye Hospital (FEH) အခမ်းအနားတွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မျက်စိဝေဒနာရှင်များ စက္ခုအလင်းရရှိရန်အတွက် Vietjet လေကြောင်းလိုင်း နှင့် Flying Eye Hospital တို့ ပူးပေါင်းဆောင်ရွက်

Vietjet လေကြောင်းလိုင်းနှင့် Orbis တို့သည် အမြင်အာရုံချို့ယွင်းသူများအား အထောက်အပံ့ပေးရန် FEH နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို သြဂုတ်လ (၂၁) ရက် ဗီယက်နမ်နိုင်ငံ Thua Thien Hue Province တွင်ကျင်းပခဲ့ပြီး ပြည်တွင်းရှိဒေသခံအရာရှိလူကြီးခေါင်းဆောင်များ၊ ဆေးရုံကိုယ်စားလှယ်များ၏ အသိသက်သေဖြင့် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ၏ အဓိအချက်အချာကျသော ရှေးဟောင်းမြို့တော်ဖြစ်သည့် Hue တွင်ဒုတိယအကြိမ် ဆောင်ရွက်ခဲ့သည့် Flying Eye Hospital (FEH) အစီအစဉ်ကို ဗီယက်နမ် စေတနာ့ဝန်ထမ်းများကလည်း တက်ရောက်ခဲ့ကြပါတယ်။ Vietjet လေကြောင်းလိုင်း၏ လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များနှင့် လေယာဉ့်ဝန်ထမ်းများက မျက်စိဝေဒနာရှင်များကို လေယာဉ်ပေါ်တပ်ဆင်ထားသည့် နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းများဖြင့် စစ်ဆေးမှုပြုလုပ်သည့် ကာလတစ်လျှောက်လုံးနှင့် ခွဲစိတ်ကုသမှုပြီးနောက်တွင်လည်း ဂရုတစိုက်ပြုစုစောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ၎င်းထောက်ပံ့မှုများသည် လူနာများ၏ အမြင်အာရုံကို တတ်နိုင်သမျှလျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာရန် ကူညီပေးခြင်းဖြစ်ပါတယ်။

မျက်စိဝေဒနာရှင်များ စက္ခုအလင်းရရှိရန်အတွက် Vietjet လေကြောင်းလိုင်း နှင့် Flying Eye Hospital တို့ ပူးပေါင်းဆောင်ရွက် – 2

နောင်လာမည့် ၃နှစ်ကာလအတွင်း လူဦးရေ ၂ သန်းကျော်အား ထောက်ပံ့ပေးသွားရန်ရည်ရွယ်ထား၍ Vietjet လေကြောင်းလိုင်းသည် Orbis နှင့်အတူ “ဗီယက်နမ်လူမျိုးတွေအတွက် တောက်ပတဲ့ မျက်ဝန်းတစ်စုံ” “Bright eyes for Vietnamese” ဟုအမည်ပေးထားသော နှစ်ဖက်သဘောတူ နှစ်ရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ထို့အပြင် Dak Lak နှင့် Thanh Hoa မြို့နယ်တွင်ရှိသော လမစေ့ဘဲ မွေးဖွားမှုများအတွက် ဒေါ်လာ(၁)သန်း (မြန်မာငွေ ၁ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်းကြီးများကို အမြင်အာရုံကုသရေး စင်တာများဆောက်လုပ်ရန် စတင်ပြုလုပ်လိုက်ပါတယ်။ ထို့အပြင် Vietjet သည် Orbis နှင့်အတူ ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ အမြင်အာရုံကာကွယ်ရေး အသိပညာတိုးတက်ရေးများ အတွက် ပညာရေးအစီအစဉ်များ၊ ဆွေးနွေးပွဲများ နှင့် ဆက်သွယ်ရေးများကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါရေရှည်စီမံကိန်းတွင် Vieject နှင့် Orbis တို့သည် ယခင်က ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များဖြင့် အမြင်အာရုံရရှိစေရန် ဆောင်ရွက်ချက်များ၌ ရရှိခဲ့သောအောင်မြင်မှုများထက် နှစ်ဆပိုမိုအောင်မြင်မည်ဟု မျှော်လင့်ပါတယ်။

မျက်စိဝေဒနာရှင်များ စက္ခုအလင်းရရှိရန်အတွက် Vietjet လေကြောင်းလိုင်း နှင့် Flying Eye Hospital တို့ ပူးပေါင်းဆောင်ရွက် – 3

FEH သည် အမြင်အာရုံနှင့် သက်ဆိုင်သောရောဂါများကို ခွဲစိတ်ကုသမှုပေးသော ဆေးရုံတစ်ခုဖြစ်ပြီး သင်ကြားရေးထောက်ကူမှုပစ္စည်းများကိုလည်း MD-10 လေယာဉ်ပေါ်တွင် တည်ထားလျက်ရှိပါတယ်။ FEH သည် အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေး အနည်းငယ်သာရရှိနေသည့် နိုင်ငံများရှိ ဆရာဝန်များနှင့် သူနာပြုများကို ပညာရပ်ဆိုင်ရာ သင်တန်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ FEH လေယာဉ်၏ လေယာဉ်တောင်ပံသည် ၅၀မီတာ၊ အမြင့် ၁၇.၈မီတာ နှင့် အရှည် ၅၅.၃ မီတာရှိပြီး Boeing 777 လေယာဉ်၏ အရွယ်အစားနှင့် ပမာဏ တူညီသောလည်း ကုသမှုနှင့်ဆိုင်သော အပိုစက်ပစ္စည်းများကြောင့် အလေးချိန်ပိုများပါတယ်။ လေယာဉ်အကျယ်အ၀န်းမှာ ၆၁၀ စတုရန်း စင်တီမီတာရှိပြီး အသေးစား ဆေးရုံငယ် တစ်ခုအနေအဖြစ် တည်ဆောက်ထားပြီး လေယာဉ်ပေါ်တွင်ပြုလုပ်သော 3D ပုံစံမျက်လုံးခွဲစိတ်မှုများကို တစ်ကမ္ဘာလုံးရှိ လေ့ကျင့်ရေးအခန်းများတွင် တစ်ချိန်တည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

FEH သည် အသိပညာများကိုဝေငှပေးရန်နှင့် အခွင့်အလမ်းနည်းပါသူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီရန်အတွက် ကမ္ဘာ့နေရာအနှံ့အပြားသို့ သွားရောက်လည်ပတ်လျက်ရှိပါတယ်။ FEH သည် ဗီယက်နမ်နိုင်ငံသို့ ၁၀ကြိမ်မြောက် ရောက်ရှိခဲ့ပြီး Ho Chi Minh City၊ Hanoi၊ Da Nang၊ Binh Dinh၊ Can Tho နှင့် Thua Thien Hue မြို့များတွင် ဆင်းသက်ကုသပေးခဲ့ပါတယ်။

မျက်စိဝေဒနာရှင်များ စက္ခုအလင်းရရှိရန်အတွက် Vietjet လေကြောင်းလိုင်း နှင့် Flying Eye Hospital တို့ ပူးပေါင်းဆောင်ရွက် – 4

Vietjet လေကြောင်းလိုင်းသည် သန်းပေါင်းများစွာသော ခရီးသွားဧည့်သည်များ၏ အိပ်မက်မကို ဖြည့်ဆည်းပေးနေသည့်အပြင် လူ့မှုအဖွဲ့အစည်းတွင်ရှိသော အခွင့်အလမ်းနည်းပါသူများအတွက် အစဉ်မပြတ် ဂရုစိုက်ပေးလျက်ပြီး လူတိုင်းအတွက် တန်ဖိုးရှိသော လုပ်ဆောင်ချက်များကို ယူဆောင်ပေးလျက်ရှိပါတယ်။ Vietjet လေကြောင်းလိုင်းသည် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးရန်ပုံငွေ အဖွဲ့အစည်း (Community Disaster Prevention Fund) နှင့် မြောက်ပိုင်းပြည်နယ်စုရှိ ကလေးငယ်များအတွက် ၁၀ နှစ်တာ လက်တွဲလုပ်ဆောင်လျက်ရှိသော “မျှော်လင့်ချက်အလင်းရောင်” (Light up the dreams) စီမံကိန်းလုပ်ဆောင်ချက်များအပြင် အရေးပေါ်အကူအညီလိုအပ်နေသောကျေးရွာများ (SOS Children’s Villages)ထံ့သို့ မကြာခဏသွားရောက်လျက်ရှိပြီး အဓိပ္ပါယ်ပြည့်ဝသော လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိနေသော လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။