တစ်ရက်ကို နှစ်နာရီ အထက်ပိုပြီး ကွန်ပျူတာနဲ့အလုပ်လုပ်နေရတဲ့လူအများစုဟာ Digital Eye Strain ကို ခံစားရလေ့ ရှိပါတယ်။ Digital Eye Strain ရဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခြောက်သွေ့ခြင်း၊ ပူလောင်ခြင်း နဲ့ မျက်လုံးများ ယားယံခြင်းတွေကို ကွန်ပျူတာ အဆက်မပြတ်ကြည့်နေရတဲ့လူတွေ ဒါမှမဟုတ် ကွန်ပျူတာကြည့်တဲ့အခါ ပုံစံမမှန်သုံးတဲ့လူတွေမှာ ခံစားရတတ်ပါတယ်။ သင်က ကွန်ပျူတာအမြဲသုံးနေရပြီး ဒီလိုလက္ခဏာတွေ ခံစားနေရပြီလား? ဒါဆိုရင်တော့ ခံစားနေရတာတွေ သက်သာစေဖို့အတွက် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

နေရာပေးပါ

Digital Eye Strain ကို လျှော့ချနိုင်ဖို့ အကြံပြုချက်များ

ကွန်ပျူတာသုံးတဲ့အခါ ကွန်ပျူတာနဲ့ သင့်မျက်လုံးကြားမှာ နေရာအလုံအလောက်ရှိဖို့  အရေးကြီးပါတယ်။ ကွန်ပျူတာက စာသားအရွယ်အစားများ၊ ဖန်သားပြင်ချုံ့ချဲ့မှု၊ Screen အလင်းအမှောင်တွေကိုလည်း သင့်တော်အောင် ချိန်ညှိထားဖို့ လိုအပ်ပါတယ်။

မျက်တောင်ခက်ပါ

Digital Eye Strain ကို လျှော့ချနိုင်ဖို့ အကြံပြုချက်များ – 2

မျက်တောင်ခတ်တာက မျက်လုံးကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး မျက်လုံးကို စိုစွတ်စေဖို့နဲ့ လန်းဆန်းစေဖို့ ကူညီပေးပါတယ်။ ကွန်ပျူတာကြည့်တဲ့အခါ အကြာကြီးစိုက်မကြည့်ဘဲ မကြာခဏ မျက်တောင်ခတ်ပေးပါ။ လိုအပ်ပါက  ယာယီခြောက်သွေ့မှုကို သက်သာစေဖို့ မျက်ရည်တုကို အသုံးပြုနိုင်ပါတယ်။

အနားယူပါ

Digital Eye Strain ကို လျှော့ချနိုင်ဖို့ အကြံပြုချက်များ – 3

Screen Time သုံးချိန် မိနစ် ၂၀ ကြာပြီးတိုင်း အနည်းဆုံး ပေ 20 အကွာက အရာဝတ္ထုတစ်ခုခုကို အနည်းဆုံး စက္ကန့် 20 ကြာအောင် ကြည့်ပေးပါ။ မျက်လုံးညောင်းညာမှုကို  ပြေလျော့စေဖို့ ကူညီပေးပါတယ်။ ကွန်ပျူတာသုံးတာ နှစ်နာရီကြာတိုင်း 15 မိနစ် သို့မဟုတ် ဒီ့ထက်ပိုပြီး အချိန်ပိုကြာအောင်အနားယူပါ။

အလင်းရောင်ကို လျှော့ချပါ

Digital Eye Strain ကို လျှော့ချနိုင်ဖို့ အကြံပြုချက်များ – 4

နေတဲ့အခန်းရဲ့အလင်းရောင်က Screen ရဲ့ အလင်းရောင်ထက် ပိုလင်းဖို့လိုအပ်ပါတယ်။ ကွန်ပျူတာသုံးတဲ့အခါ အခန်းမီးများကို ဖွင့်ပါ။  ကွန်ပျူတာ Screen ရဲ့ အလင်းရောင် ကို လျှော့ချပါ သို့မဟုတ် နှစ်ခုစလုံးကို လျှော့ချပါ။