ပူအိုက်တဲ့ရာသီမှာ လူအများစုက ရေအေးအေးလေးတွေ သောက်လာကြပါတယ်။ ရေခဲရေက သောက်တုန်းခဏပဲ ကောင်းတာပါ။ တကယ်တော့ ရေခဲရေက ခန္ဓာကိုယ်ကို အများကြီးထိခိုက်စေပါတယ်။ ဒီနေ့ ပြောပြပေးမယ့်အကြောင်းအရာကတော့ ရေခဲရေသောက်ခြင်းကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေ အကြောင်းပါ။

(၁) အစာချေစနစ်ကို ထိခိုက်စေတယ်

Photo : Top Santé

ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှု လုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။ ပြီးတော့ ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) လည်ချောင်းနာစေတယ်

Photo : Cleveland Clinic

အအေးမိတာကြောင့် နှာစေးတာနဲ့ နှာခေါင်းပိတ်တာတွေကို ဖြစ်စေသလိုမျိုး ရေခဲရေကလည်း ခန္ဓာကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွဲတွေကို အေးမြတဲ့ လေတွေနဲ့ အရည်တွေကို ချေဖျက်ရာမှာ အနွေးဓာတ်ရရှိစေဖို့အတွက် သဘာဝ အစိုဓာတ်ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲ တုံ့ပြန်မှု ဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေ ဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

(၃) အဆီပိုတွေဖြစ်စေနိုင်တယ်

Photo : Feel Beautiful Plastic Surgery

ရေခဲရေသောက်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း အပူချိန်လျော့ကျသွားကြောင့် အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပို ခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

(၄) ဝမ်းချုပ်စေတယ်

Photo : Zing

ရေခဲရေ သောက်သုံးတာဟာ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရခက်ခဲစေတာကြောင့် ဝမ်းချုပ်တာကို ဖြစ်ပေါ်စေနိုင်တာပါ။

(၅) ခေါင်းကိုက်စေနိုင်တယ်

Photo : HonestDocs

ရေခဲရေဟာ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ဖြစ်ပေါ်စေပါတယ်။