သင့်ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များနှင့် သွေးတွင်းရှိ ပိုလျှံနေသောအရည်များကို ဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က တာဝန်ယူ ထားပေးရ တာကြောင့် ကျောက်ကပ်ကျန်းမာရေးကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားရပါတယ်။

သင့်ရဲ့ကျောက်ကပ်က ကျန်းမာရေးနေမှလည်း သင်လည်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတယ်ဆိုပေမယ့်လည်း ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့အစားအစာများကို ရှောင်ကြဉ်ဖို့တော့ လိုပါလိမ့်မယ်။

ထောပတ်သီး

ထောပတ်သီးမှာ အာဟာရဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပေမယ့် အလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါ ခံစားနေရမယ်ဆိုရင် ပိုဆိုးနိုင်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ထောပတ်သီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်လို့ပဲြဖ်စပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က ပိုတက်စီယမ်ဓာတ်ကို လိုအပ်တယ်ဆိုပေမယ့်လည်း သွေးထဲမှာ ပိုတက်စီယမ်ဓာတ် များပြားတဲ့အခါ နှလုံးခုန်မမှန်ခြင်း၊ မကြာခဏ ကြွက်တက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အသားများ

အစာအုပ်စုများကို ညီညွှတ်မျှတစွာ စားသုံးရမယ်လို့ ငယ်ရွယ်စဉ်အခါက သင်ယူခဲ့ဖူးပါလိမ့်မယ်။ တကယ်လို့ အသားချည်းပဲ အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အသားထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်များကို အလွန်အကျွံ စားသုံးမိတဲ့အခါ သင့်ခန္ဓာကိုယ်က မချေဖျက်နိုင်တော့ဘဲ အညစ်အကြေးအဖြစ်စုပုံသွားပြီး ကြာလာတဲ့အခါ ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်ပွားတတ်ပါတယ်။

ဆား

အငန်ဓာတ် အလွန်အကျွံစားသုံးတဲ့အခါ ပိုလျှံနေတဲ့ဆိုဒီယမ်ဓာတ်ကို ဖယ်ရှာဖို့အတွက် ကျောက်ကပ်က ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရပါတော့တယ်။ ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဆား စားသုံးမှုကိုလည်း လျော့ချသင့်သလို သွားရေစာမုန့်များ၊ ပီဇာ စတဲ့ အစားအစာများကိုလည်း လျော့စားသင့်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာလည်း ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ကပ်ကျန်းမာရေးကို စဉ်းစားတဲ့အနေနဲ့ ငှက်ပျောသီးကို အလွန်အကျွံမစားသုံးသင့်ပါဘူး။

နို့ထွက်ပစ္စည်းများ

နို့နှင့် နို့ထွက်ပစ္စည်းများထဲမှာ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ နို့၊ ဒိန်ခဲနှင့် ဒိန်ချဉ်တို့ကို အလွန်အကျွံ စားသုံးမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ထိုအစားအစာထဲမှာပါဝင်တဲ့ ဖော့စဖရပ်ဓာတ်က ကျောက်ကပ်ကို အလုပ်ပိုလုပ်ရအောင် ခိုင်းစေ တတ်ပါတယ်။

Source: Brightside.me