ဇက်ကြောတက်၊ နောက်ကြောတက်တာတွေ ကြွက်သားတွေ မာတင်းတာကြောင့်ဖြစ်တတ်ပြီး ကိုယ့်တစ်နေ့တာလုံးကို အနှောက်အယှက် ဖြစ်စေပါတယ်။

တခါတလေ ၁ ရက်ထက် ပိုကြာရှည်အောင် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ခေါင်းလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။  ဒါ့အပြင် တခြား သဘာဝနည်းလမ်းနဲ့ကာကွယ်လို့ရတဲ့ နည်းတွေကို ဝေမျှချင်ပါတယ်။

ပုဝါကို လည်ပင်းမှာပတ်ပါ

ဇက်ကြောတက်၊ နောက်ကြောတက်တွေက ရာသီဥတု အေးရင်လည်း ဖြစ်တတ်ပါတယ်။ ပုဝါလေးပတ်ပြီး လည်ပင်းကို နွေးနွေးလေး လုပ်ထားရင် ဇက်ကြောတက်၊ နောက်ကြောတက်တာတွေသက်သာစေတဲ့အပြင် ဖက်ရှင်လည်း ကျစေမှာပါ။

အပူအအေးနဲ့ကုလို့ရ

neckstiff

ဇက်ကြောတက်၊ နောက်ကြောတက်နေတဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲက ကြွက်သားတွေ တင်းတာ၊ ရောင်ရမ်းတာတွေကို ကျစေပါတယ်။ အပူကလည်း ကြွက်သားတွေတင်းနေတာကိုတွေ လျော့စေပါတယ်။

ရေခဲတုံးကို ကုတ်နဲ့ပခုံးပေါ်မှာ မိနစ် ၂၀ လောက်ကပ်ပေးထားပြီးနောက် ရေနွေးအိတ်ကပ်ပေးပါ။ ဒါဆိုရင် ဇက်ကြောတက်၊ နောက်ကြောတက်တွေသက်သာလာပါလိမ့်မယ်။

ရေဓာတ်လုံလောက်အောင် သောက်ပေးပါ

ရေဓာတ်ခမ်းခြောက်ရင်လည်း ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်က နေပူထဲထွက်ပြီး ရေဓာတ်ခမ်းခြောက်မှုများရင် ပိုသောက်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ဇက်ကြောတက်၊ နောက်ကြောတက်နေရင် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလို့ ပြောရာမှာ ကုတ်ပေါ်မှာ အလေးတွေ တင်ပြီး မတာမျိုး မလုပ်ပါနဲ့။ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ cardio တို့ yoga စသည်တို့ ဆော့လို့ရပါတယ်။ ရေကူးတာမျိုးတို့လည်း လုပ်ဆောင်ပေးပါ။