နှလုံးခုန်နှုန်းချက်ခြင်းမြန်သွားပြီး ကိုယ့်နှလုံးခုန်နှုန်းက ၁ မိနစ် ၁၀၀ ကြိမ်ထက် တက်သွားရင် အသက်ရှူတွေ ကျပ်လာမယ်၊ မောလာပါလိမ့်မယ်။

အဲ့ဒီအချိန်ကျရင် စိတ်ကို အေးအေးထားပြီး ဆရာဝန်ကို ခေါ်ပါ။ ဒါမှမဟုတ်ရင် ကိုယ့် မိဘ ဆွေမျိုးတို့ကို ပြောပါ။

ခန္ဓာကိုယ် အပူချိန်ကျရင် နှလုံးခုန်နှုန်းလည်း နှေးလာတတ်ပါတယ်။ ဒါကြောင့် နှလုံးခုန်နှုန်း ချက်ချင်းမြန်လာရင် မျက်နှာကို အေးအောင်လုပ်ပေးပါ။

မျက်နှာကို အေးအောင်လုပ်တာက တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အေးအောင်လုပ်တာထက် နှလုံးခုန်နှုန်းကို အချိန်တိုအတွင်း လျှော့ချနိုင်ပါတယ်။

  • ရေဇလုံ နက်နက်တစ်ခုထဲကို ရေအေးထည့်လိုက်ပါ။ ရေခဲတုံးရှိရင် ထည့်ပါ။
  • အသက်အောင့်ထားပါ။ လိုအပ်ရင် နှာခေါင်းကို လက်နဲ့ညှစ်ပိတ်ပြီး စက္ကန့်ပိုင်းလောက် ရေအေးထဲကို မျက်နှာ ထည့်စိမ်ထားပါ။
  • ထည့်စရာ ရေဇလုံမရှိရင်လည်း ရေအေးကို လက်ခုပ်နဲ့ခပ်ပြီး မျက်နှာဆေးပေးပါ။ ဒါမှမဟုတ်ရင်လည်း ရေခဲတုန်းနဲ့ မျက်နှာပွတ်ပေးပါ။ ဒါဆိုရင် နှလုံးခုန်နှုန်း တဖြည်းဖြည်းချင်း ကျလာပါလိမ့်မယ်။

Reference: Brightside