ကျွန်မတို့ရဲ့အသားအရေတွေဟာ လေထု ညစ်ညမ်းမှုတွေကြောင့် သိသိသာသာ ပျက်စီးစေပါတယ်။ လေထုညစ်ညမ်းမှုဆိုလို့ မြို့ကလူတွေနဲ့ပဲဆိုင်တာမျိုးမဟုတ်သလို အပြင်သွားမှပဲဖြစ်တာမျိုး မဟုတ်ပါဘူးနော်။

ဆေးလိပ်သောက်တာ၊ ဖုန်တွေ၊ ဓါတုပစ္စည်းတွေ၊ ၊ ခေါင်းမှာဖြန်းတဲ့ စပရေး စတာတွေက အိမ်တွင်းမှာပဲ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုတွေပါ။ အပြင်ထွက်လိုက်တယ်ဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ပါဘူးနော်။ စက်ရုံ၊အလုပ်ရုံ၊ ကားတွေ၊ ဆိုင်ကယ်တွေကထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေ၊ ဖုန်တွေ အိုး အများကြီးပါပဲ။

လေထုညစ်ညမ်းမှုတွေကြောင့် အသားအရေကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေပြီး အသားအရေကို အိုမင်းရင့်ရော်စေတယ်လို့ သုတေသီတွေက ထုန်ပြန်ထားပါတယ်။ လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

မျက်နှာသေချာသစ်ပါ။

အညစ်အကြေးတွေကို သန့်စင်ပေးဖို့ သေသေချာချာ သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။ မြို့ပြမှာနေတဲ့သူတွေအတွက် ဆိုရင်တော့ အရည်အသွေးမြင့်တဲ့ မျက်နှာသစ်ခရင်မ်တွေကို အသုံးပြုသင့်ပါတယ်။

အရင်ဆုံး အပြင်ကနေပြန်လာရင် လိမ်းထားတဲ့ မိတ်ကပ်တွေကို အရင်ဖျက်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ အတူ POND’s Pure White မျက်နှာသစ်ခရင်မ်သုံးပြီး မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို အတွင်းပိုင်းလွှာထိသန့်စင်ပေးနိုင်တဲ့ အဆင့်မြင့် ကာဗွန်နည်းပညာကိုသုံးထားလို့ လေထုညစ်ညမ်းမှုတွေကြောင့် အသားအရေ ပျက်စီးမှာ စိတ်ပူစရာမလိုတော့ပါဘူး။ သာမန်ဆပ်ပြာတွေထက် အညစ်အကြေးတွေကို နက်ရှိုင်းစွာ သန့်စင်ပေးတဲ့ POND’s Pure White မျက်နှာသစ်ခရင်မ်နဲ့ သေချာပွတ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားလိုက်ပါ။ အသားအရေကို ၃ ဆ သန့်ရှင်း စင်ကြယ်စေတဲ့ ကမ္ဘာ့ပထမဆုံး မျက်နှာသစ်ခရင်မ်ဖြစ်ပါတယ်။

တစ်နေ့ကို ၂ ကြိမ်သစ်ပေးသင့်ပါတယ်။ အဆီပြန်တဲ့အသားအရေမျိုးဆိုရင်တော့ ၃ ကြိမ်လောက်သစ်ပေးပါ။

Moisturizer လိမ်းပေးပါ။

အသားအရေထိခိုက်ပျက်စီးခြင်းကနေကာကွယ်ဖို့ မျက်နှာသေချာသစ်ပြီးရင် ဗီတာမင် C နဲ့ E ပါဝင်တဲ့ Moisturizer ကိုလိမ်းပေးသင့်ပါတယ်။

Sun cream လိမ်းပေးပါ။

အပြင်တွေသွားအလုပ်လုပ်တဲ့အခါမှာ Suncreen လိမ်းပေးသင့်ပါတယ်။ UVဟာလည်း အသားအရေပျက်စီးစေလို့ UV ကာကွယ်ဖို့ FPF 30 နဲ့ အထက်ပါဝင်တဲ့ Suncreen ကို လိမ်းပေးပါ။

ရေဓါတ်ဖြည့်တင်းပါ။

ရေဟာ အသားအရေအတွက် အကောင်းဆုံးပါပဲ။ ရေများများသောက်ခြင်းဟာ အသားအရေစိုပြေစေပါတယ်။ ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံများများစားပေးပါ။ Antioxidant ပါဝင်တဲ့ ဖရဲသီး၊ ပန်းသီးတို့ကို သရေစာအဖြစ်စားသုံးပေးနိုင်ပါတယ်။