ကိုယ်အလေးချိန်ကျဖို့အတွက် အသင့်အလွယ်တကူစားနိုင်တဲ့ fast food နဲ့ အချိုတွေကို အချိန်အကြာကြီးမစားတော့ဘဲ ပုံမှန်လေ့ကျင့်ခန်းလည်း လုပ်ပြီး သင်ကြိုးစားခဲ့ဖူးတယ်မလား?ဒါပေမယ့် ကိုယ်လိုချင်တဲ့ဝိတ်မရလာဘူးမလား? တကယ်တော့ များသောအားဖြင့် လူအများစုက သူတို့ရဲ့ပုံမှန်လုပ်လေ့ရှိတဲ့ အလေ့အထတွေက သူတို့အိပ်မက်ဖြစ်တဲ့ ကိုယ်အလေးချိန်ကျဖို့ကို တားဆီးပိတ်ပင်သလိုဖြစ်နေတယ်ဆိုတာ မသိကြဘူး။

အဲဒါကြောင့် Bright Side ဆောင်းပါးကနေပြီး သင်ဖျောက်ဖျက်ရမယ့် မနက်ခင်းအလေ့အထ ၅ခုကို စုဆောင်းတင်ပြပေးချင်ပါတယ်။

၁။ပိုပြီးအိပ်စက်ခြင်း

အိပ်ချိန်နည်းပါးလွန်းတဲ့အခါ သင့်ခန္ဓာကိုယ်ကနေ အစာစားချင်စိတ်ကိုတိုးပွားစေသောဖိစီးမှုတုံ့ပြန်ဟော်မုန်း cortisol ပိုပြီး ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့်လည်း များများအိပ်ခြင်းကလည်း သင့်အတွက် သိပ်မကောင်းလှပါ။ PLOS One ဂျာနယ်ကပြုလုပ်သောလေ့လာမှုတစ်ခုအရ တစ်ညလျှင် ၁၀ နာရီကျော်အိပ်ပါက ခန္ဓာကိုယ်အလေးချိန်ပိုမိုမြင့်မားနိုင်တယ်လို့ပြောခဲ့တယ်။ဒါကြောင့် ဆရာဝန်များက နေ့စဉ် ၇ နာရီမှ ၉ နာရီအထိ အိပ်ဖို့ အကြံပေးတာက အံ့သြစရာမဟုတ်ပါ။

၂။ အမှောင်ထဲတွင်နေခြင်း

Source;Brightside

အိပ်ရာနှိုးတာနဲ့ ချက်ချင်းလိုက်ကာဖွင့်တာတို့ ပြတင်းပေါက်ဖွင့်တာတို့လုပ်ပါ။လေ့လာမှုတစ်ခုအရ မနက်ခင်းနေရောင်ခြည်မှ ဖြာထွက်လာတဲ့ အပြာရောင်ခြည်များက သင်ရဲ့ဇီဝဖြစ်ပျက်မှုကိုတိုးပွားစေပြီး သင့်ခန္ဓာကိုယ်ကိုနိုးထလာစေတယ်။သင့်ခန္ဓာကိုယ်ကို မိနစ် ၂၀ မှ ၃၀ အထိ နေရောင်ခြည်ထိခြင်း သင့်ကိုယ်အလေးချိန်ကျစေဖို့ အကျိုးသက်ရောက်မှုရှိပါတယ်။

၃။အိပ်ယာခင်းခင်းခြင်း


Source;Starts at 60

အိပ်ယာခင်းမခင်းပါနဲ့ဆိုတဲ့အရာက သင့်အတွက်ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ် ဒါပေမယ့်အမှန်တရားဖြစ်ပါတယ်။ ယူအက်စ်အေအမျိုးသား အိပ်စက်ခြင်းဖောင်ဒေးရှင်းမှ လေ့လာချက်တစ်ခုအရ ကောင်းမွန်တဲ့အိပ်ရာခင်းက ပိုမိုကောင်းမွန်စွာအိပ်စက်ခြင်းကို ဖြစ်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ကျန်းမာတဲ့အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်တက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၄။အလေးချိန် ချိန်ဖို့မေ့ခြင်း

Researchတစ်ခုက နေ့စဉ်အလေးချိန်ချိန်ခြင်းက ကိုယ်အလေးချိန်ကျစေတဲ့ အောင်မြင်တဲ့နည်းစနစ်တစ်ခုဖြစ်ကြောင်းသက်သေပြခဲ့တယ်။ အလေးချိန် ချိန်တဲ့အခါ အကောင်းဆုံးအချိန်က ဘာမှမစားရ မသောက်ရသေးတဲ့ နံနက်စောစောအချိန် ဖြစ်ပါတယ်။ နောက်ပြီး သင် တညလုံးရေအလေးချိန်ပါ မရှိတော့တဲ့အတွက် တိကျမှန်ကန်တဲ့ ကိုယ်အလေးချိန်ကို သိရမှာဖြစ်ပါတယ်။

၅။ မနက်စာမစားခြင်း

Source; Classlifestyle

တဲလ်အဗစ်တက္ကသိုလ်မှ သုတေသီများက မနက်ခင်းတွင်အရသာရှိသောအစားအစာကို များများစားပေးခြင်းကို အလေ့အကျင့်လုပ်ပေးသင့်တယ်လို့ အခိုင်အမာဆိုထားပါတယ်။ တကယ်တော့အချို့အချိုပွဲတွင် ပါ၀င်သောပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်က မျှတသောနံနက်စာဖြစ်စေတဲ့အတွက် သင့်ရဲ့Diet plan လုပ်တဲ့အခါမှာလည်း လိုက်နာစေဖို့ ပိုလွယ်ကူစေပါတယ်။