အစားစာချိန်မမှန်တာ အစားမြန်မြန်စားတာ အစားများများမိတာတွေကြောင့် အစာအိမ်အတွင်းမှာ နေလို့မကောင်းဘူးဖြစ်နေလား။ အစာမကြေတာ ရင်ပူတာစတဲ့ ဝေဒနာတွေအတွက်လည်း အိမ်တွင်း ဆေးနည်းတစ်လက်ကို မျှဝေပေးချင်ပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ရင်ပူတာနဲ့ အစာအိမ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

အုန်းနို့ ၂ ခွက်

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁/၄ ပုံ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

Golden-Milk-Latte-Add-the-honey-725x483

Source:Freepik

ပါဝင်ပစ္စည်းအားလုံးကို ထည့်လိုက်ပါ။ ပျားရည်ကို နောက်ဆုံးမှထည့်ပါ။ ပြီးရင် အိုးထဲထည့်ပြီး အပူချိန်နည်းနည်းနဲ့ ၅ မိနစ်လောက်တည်ပြီးမှ ပျားရည်ထည့်ပါ။

ပြီးရင် အိပ်ယာမဝင်ခင်သောက်ပေးပါ။ အစာအိမ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။