ရှားစောင်းလက်ပက်က ကျန်းမာရေးအတွက်သာမက အလှအပအတွက် တကယ်ကို ဆေးစွမ်းတစ်လက်ပါပဲ။
ရှားစောင်းလက်ပက်ကို အလှကုန်ပစ္စည်းတော်တော်များများမှာ ပါဝင်ထုတ်လုပ်လာကြပါတယ်။
အသားအရေစိုပြေစေတယ်။ အရေပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးတယ်။ စသဖြင့် ရှားစောင်းလက်ပက်ကို လူတွေအသိအမှတ်ပြုထားကြပါတယ်။
ရှားစောင်းလက်ပက်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ အသားအရေ ဖြူဝင်းနုပျိုစေဖို့ အကောင်းဆုံးပါပဲ။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပက်
ပျားရည်
ပြုလုပ်နည်း
ရှားစောင်းလက်ပက်ကို ပျားရည်နဲ့ အချိုးကျရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာပါ။
ပြီးရင် မိနစ် ၂၀လောက်ထားပြီး မျက်နှာသစ်ပါ။ အကျိုးထူးစေမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့
ရှားစောင်းလက်ပက်ကို သကြား နဲ့ အချိုးကျရောစပ်ပြီး လိမ်းပေးရမှာပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။
ရှားစောင်းလက်ပက်က အသားအရေအတွက်အထူးကောင်းမွန်တာမို့ ယုံယုံကြည်ကြည် စမ်းသပ်ကြည့်လို့ရပါတယ်။
အလှအပအတွက် ငွေကြေးကုန်ကျမခံပါနဲ့တော့နော်။
Source: thepositive-spirit.com