ချိုင်းကြားနဲ့အတွင်းခံနားမှာ အဆီတွေ ထွက်နေရင် ကြည့်လို့မလှဘူးနော်။ အဲဒီလိုအဆီတွေ ထွက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးချင်ပါတယ်။ အင်္ကျီ  ကြပ်ကြပ်တွေ (သို့) အင်္ကျီ  ချိုင်းပြတ်တွေ ဝတ်တဲ့အခါ အခုလို အဆီတွေစုနေတာ သိပ်စိတ်ညစ်စရာကောင်း ပါတယ်။

တစ်ခုသိထားရမှာက ဒါဟာ သင့်အမှားကြောင့်မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဂရုမစိုက်လို့လည်းမဟုတ်ပါဘူးနော်။ တချို့တွေက အဲဒီချိုင်းအောက်နားက အဆီတွေကို ခွဲစိတ်ပြီး ထုတ်ပစ်ကြပါတယ်။ စာဖတ်သူတို့အတွက် ဘေးထွက်ဆိုးကျိုးတွေနည်းအောင် လိုက်နာရမယ့် နည်းလမ်း (၅) သွယ်ကို မျှဝေပေးပါမယ်။

၁။ သင်စားတဲ့အစားအစာတွေကို ဂရုပြုရပါမယ်။

ကာဘွန်ဟိုက်ဒရိတ်များတဲ့အစားအစာတွေ စားသုံးပေးရပါမယ်။ အသီးအရွက်တွေ၊ ထမင်းတွ၊ ပေါင်မှုန့်တွေ၊ ကြက်ဥ၊ ငှက်ပျောသီး စတဲ့ အစားအစာတွေကို စားသုံးပေးပါ။

၂။ ရေများများသောက်ပါ။

တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်ထိသောက်ပေးပါ။ သံပုရာရည်၊ နာနတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်စတဲ့ အသီးဖျော်ရည်တွေ သောက်ပေးပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ။

အလေးမတာ၊ ဒိုက်ထိုးတာ၊ ဒိုက်ကို နောက်ပြန်ထိုးတာစတဲ့ လက်မောင်းနဲ့ ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။

၄။ Plank လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်မယ်။

အခုပုံမှာပြထားသလိုမျိုး နေပေးရမှာပါ။ တင်နဲ့ ခါးကို တန်းတန်းဆန့်ထားပါ။ ခြေချောင်းလေးတွေနဲ့ ကြမ်းပြင်ကို ထိထားပေးရမှာပါ။ ပုံမှာပြထားသလို လက်နှစ်ဖက်နဲ့ အရင်ထောက်ထားပြီး ၁ မိနစ်လောက်နေပါ။ ပြီးရင် လက်တစ်ဖက်တည်းကိုပဲ အသုံးပြုပြီး ထောက်ထားပါ။ ၁ မိနစ်လောက် နေပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို ၁၅ မိနစ်လုပ်ပေးရပါမယ်။

၅။ ဘရာကောင်းကောင်းဝတ်ပါ။

အဆီတွေကို တတ်နိုင်သမျှ ကာကွယ်ပေးနိုင်တဲ့ ဘရာဇီယာတွေကို ရွေးချယ်ပြီးဝတ်ပေးပါ။ ဘေးနားက ကြိုးသေးသေးလေးနဲ့မဟုတ်ဘဲ အပြားကြီးတာကို ဝတ်ပါ။