ဝိုင်းပြီး တောက်ပတဲ့အဝါရောင်ရှိတဲ့ သံပုရာသီး နဲ့ သံပုရာသီးတို့ကို ဟင်းချက်တဲ့နေရာ၊ မုန့်ဖုတ်တဲ့နေရာတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြပါတယ်။ သံပယိုသီးမှာ ထူးခြားတဲ့ အက်စစ်ဓာတ်ရှိရုံသာမက ဗီတာမင် C နဲ့ တခြား Antioxidants တွေ ကြွယ်ဝစွာပါရှိပါတယ်။

သံပယိုသီးက ရောဂါဝေဒနာတွေကို ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါရှိသူများအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တာကြောင့် ဆီးချိုရောဂါရှိသူများအတွက် စားပေးသင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်

သံပယိုသီးက ဂလူးကို့စ်နည်းတဲ့အစားအစာဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို မတက်စေဘဲ ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်လွန်းပါတယ်။

Vitamin C

သံပယိုသီးမှာ ဗီတာမင် C မြင့်မားစွာပါဝင်တဲ့အပြင် ခန္ဓာကိုယ် ကို Free Radical တွေကြောင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ Antioxidant တစ်မျိုးပါဝင်တာကြောင့်
ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်လွန်းပါတယ်။

Pectin

သံပယိုသီးမှာ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Pectin လည်း ပါဝင်ပါတယ်။ ကိုလက်စထရောများခြင်းက  ဆီးချိုရောဂါအတွက် အန္တရာယ်ဖြစ်တဲ့ အချက်ဖြစ်တာကြောင့် သံပုရာသီးစားသုံးခြင်းက ဒီအန္တရာယ်ကို လျှော့ချဖို့ အများကြီး ကူညီပေးပါတယ်။

Potassium

သွေးတိုးရောဂါဟာ ဆီးချိုရောဂါရှိသူများမှာ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တာကြောင့်  သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ Potassium ပါဝင်တဲ့ သံပယိုသီးကို စာပေးသင့်ပါတယ်။

Antioxidants

သံပယိုသီးမှာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို သက်သာစေပြီး ဆီးချိုရောဂါရှိသူတွေကို အကျိုးပြုနိုင်တဲ့ Antioxidants တွေ ပါဝင်ပါတယ်။

အစာခြေစနစ်

သံပယိုသီးဟာ သည်းခြေရည်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့်  ဆီးချိုရောဂါရှိသူတွေမှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

Insulin Sensitivity

သံပရာသီးမှာ  Vitamin C မြင့်မားစွာပါဝင်တာကြောင့်  ဆီးချိုရောဂါရှိသူများအတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ အင်ဆူလင်ကို မြှင့်တင်ပေးနိုင်ပါတယ်။