နို့လို့ကြားလိုက်တာနဲ့ နွားနို့ကိုပဲပြေးမြင်တတ်ကြပြီး မိမိတို့ငယ်စဉ်ကတည်းကလည်း နွားနို့ကိုသောက်သုံးကြီးပြင်းလာခဲ့လို့ ကလေးတွေကိုလည်း နွားနို့ကိုပဲတိုက်ကျွေးတတ်လေ့ရှိကြပါတယ်။ နွားနို့ကလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်ပေမယ့်လည်း နွားနို့ကပေးစွမ်းတဲ့ ကောင်းကျိုးတွေထက် ဆိတ်နို့ကပိုပြီးဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် ဘာလို့လူတွေကဆိတ်နို့ကိုအမွမ်းတင်ကြသလဲဆိုတာ သိရှိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အလွယ်တကူအစာခြေနိုင်ခြင်း

ဆိတ်နို့တွင်ပါဝင်တဲ့ အဆီလုံးတွေကသေးငယ်လို့ အစာခြေဖျက်တာပိုပြီးလွယ်ကူပါတယ်။ အကယ်၍ သင့်ကလေးက နွားနို့ကအစာခြေရတာ ခက်ခဲနေတယ်ဆိုရင် ဆိတ်နို့ပြောင်းတိုက်ကြည့်ပါ။

၂။ ကယ်လ်စီယမ်မြင့်မားခြင်း

နွားနို့က ကယ်လ်စီယမ်ပမာဏ ၂၈ ရာခိုင်နှုန်းထောက်ပံ့နိုင်တဲ့အချိန်မှာ ဆိတ်နို့က ၃၃ ရာခိုင်နှုန်းပေးစွမ်းနိုင်ပြီး အဆီများသည့် အက်စစ်ပါဝင်မှုနည်းပါးလို့ ကိုလက်စထရောပမာဏကိုလျော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

၃။ ဗီတာမင်နှင့်သတ္တုဓာတ်များပိုမိုစုပ်ယူနိုင်ခြင်းနှစ်ခုလုံးတွင်အာဟာရပါဝင်မှုတူညီသော်လည်း သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ကယ်လ်စီယမ်တို့လိုအာဟာရများ ဆိတ်နို့တွင်ပိုမိုပါဝင်လို့ အစာခြေရန်နှင့်စုပ်ယူမှုအားကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးအားနည်းရောဂါခံစားနေရသူများကို ကုသရာတွင် အလွန်အထောက်အကူဖြစ်ပါတယ်။

၄။ ဗီတာမင်အေမြင့်မားခြင်းဆိတ်နို့တွင်ပါဝင်တဲ့ Fatty Acids နှင့် Triglycerides တိုရဲ့အစိုဓာတ်က အသားအရေကိုနူးညံ့ကျန်းမာမှုရှိစေပါတယ်။ ဗီတာမင်အေမြင့်မားလို့ ဝက်ခြံတိုက်ထုတ်ပေးပြီးအသားအရေကို ပိုမိုလှပစေပါတယ်။

၅။ ဓာတ်မတည့်မှုဖြစ်စေသည့်ပရိုတင်းနည်းပါးခြင်းဆိတ်နို့မှာ A2 Casein လို့ခေါ်တဲ့ မိခင်နို့နဲ့ညီမျှတဲ့ ပရိုတင်းအထူးပါဝင်လို့ ဓာတ်မတည့်မှုဖြစ်တေဲ့ ပြဿနာတွေကို လျော့ကျစေပါတယ်။