တစ်နေ့တစ်နေ့ အလုပ်စားပွဲမှာပဲ အထိုင်များနေတဲ့သူ၊ လှုပ်ရှားမှုနည်းပြီးထိုင်တဲ့အချိန်က ပိုများနေတဲ့သူတွေက ကျန်းမာရေးထိခိုက်မှုတွေ များနေတာကို လေ့လာမှုတွေအရသိရပါတယ်။ တစ်နေ့တာလုံးမှာ အိပ်ချင်တွေကိုဖယ်ထားလိုက်မယ်ဆိုရင် ထိုင်နေတဲ့အချိန်တွေက ပိုများနေတာကို သင်ကိုယ်တိုင်သတိထားမိပြီလား။ သင့်ရဲ့တစ်နေ့တာမှာ ထိုင်နေတဲ့အချိန်ကပိုပြီးတော့များနေပြီဆိုရင်တော့ ဒီအချက်တွေကို သိထားဖို့လိုအပ်လာပါပြီ။

ဗိုက်ပိုပူလာစေမယ်

ဒါကတော့ မိန်းကလေးအများစု ထိတ်လန့်ကြတဲ့အရာပေါ့။ ဗိုက်မှာအဆီမရှိအောင်ထိန်းသိမ်းနေကြတဲ့ မိန်းကလေးတွေက အဆီတွေပိုပြီးတော့စုလာမှာကို အကြောက်ဆုံးပါပဲ။ ဒါပေမယ့်လည်း ထိုင်တာများတဲ့သူတွေက သေချာပေါက်ဗိုက်တွေပူလာမှာပါပဲ။ စားသမ ျှတွေက လှုပ်ရှားမှုနည်းလာတဲ့အချိန်မှာ ဗိုက်မှာအဆီစုပြီး ဗိုက်ပူလာမှာပေါ့။

နှလုံးရောဂါ

ထိုင်တာများလာတဲ့အခါမှာ နှလုံးရောဂါဖြစ်လာစေနိုင်တယ်ဆိုတာကလည်း သိပ်ကိုမှန်ပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ ထိုင်နေတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ နှလုံးဆီကိုသွားတဲ့ သွေးလှည့်ပတ်မှုစနစ်က မကောင်းတော့ပဲ နှလုံးကိုထိခိုက်မှုတွေရှိလာနိုင်တာပေါ့။

ကျောနဲ့ပခုံးတွေကိုထိခိုက်လာစေမယ်

အထိုင်များတဲ့သူတွေတိုင်းခံစားရလေ့ရှိတာကတော့ အကြောတက်တာပါ။ ဒါကို ပေါ့ပေါ့ဆဆတွေးလို့မရပေမယ့် ဒီလိုမျိုးအဖြစ်များနေတာကို မဆင်ခြင်ပဲဆက်ပြီးတော့ နေနေမယ်ဆိုရင်တော့ ပိုပြီးတော့ဆိုးရွားလာစေနိုင်ပါတယ်နော်။

ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း

နေ့တိုင်းလိုလို ထိုင်တာများလာတဲ့သူတစ်ယောက်မှာ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကလည်း တဖြည်းဖြည်းနဲ့တိုးလာတယ်လို့ဆိုလို့ရပါတယ်။ အဓိကကတော့ အူမကြီးကင်ဆာကို အဖြစ်များစေနိုင်တယ်လို့သိရပါတယ်။ ရုံးအလုပ်တွေကြောင့် မဖြစ်မနေထိုင်ရမယ်ဆိုရင်လည်း တစ်နာရီလောက်ထိုင်ပြီးသွားတဲ့အချိန်မှာ ခဏလောက်လှုပ်ရှားမှုလုပ်ပေးတာမျိုးတွေရှိသင့်ပါတယ်နော်။

Photo Source: Unsplash