ကိုယ်အလေးချိန်လျှော့ချပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ ပထမဦးဆုံးလုပ်ကြတာက သကြားစားသုံးမှုကို လျှော့ချလိုက်တာပါပဲ။ ဒီလိုမျိုး သကြား မစားသုံး တော့တာက အဝလွန်ရောဂါကို တိုက်ဖျက်ပြီး ကိုယ်အလေးချိန်လွန်ကဲမှုကို လျော့ချနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့်လည်း သကြားကို လုံးဝမစားသုံးတော့ဘူးဆိုတာဟာ တကယ်တော့ မဖြစ်သင့်ပါဘူး။ အချိုဓာတ်ရှိတဲ့ အစားအစာတွေက ကျွန်ုပ်တို့ကို အားအင်ပေးစွမ်းပြီး ဦးနှောက်အတွက် အစားအစာအနေနဲ့ ဖြည့်ဆည်းပေးပါတယ်။

ဒါကြောင့် ယခုတခါမှာတော့ ဘယ်လိုမျိုး သကြားဓာတ်တွေက ကယ်လိုရီများပြားတဲ့ အစားအစာများနေရာမှာ အစားထိုးနိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

၁။ ရှာလပတ်ရည်

အဆီမပါဝင်တဲ့ အစားအစာတစ်မျိုးပါ။ နို့မပါဝင်တဲ့ ရေခဲမုန့်လိုပင် အအေးခံထားတဲ့ သစ်သီးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး အေးခဲထားတဲ့ ဘယ်ရီသီးတွေနဲ့ အသီးအနှံတွေပါဝင်ပါတယ်။

ရှာလပတ်ရည်ကို ပြုလုပ်ဖို့အတွက် ကြိတ်ခြေထားတဲ့ ငှက်ပျောသီးနှင့် သကြားရည်တို့ကို ရောစပ်ပြီးပြုလုပ်နိုင်ပါတယ်။

၂။ အသီးအနှံတွေ

အသီးအနှံတွေကလည်း သကြားလုံးတွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် အစားအစာတွေပါ။ အသီးတွေကို စားသုံးခြင်းက ကိုယ်အလေးချိန်မတက် စေသလို ကယ်လိုရီတွက်ပြီး စားသုံးချင်ပါက ၉ ၅ ကယ်လိုရီပမာဏရှိတဲ့ ငှက်ပျောသီးထက် ၃၀ ကယ်လိုရီသာရှိတဲ့ ဂရိတ်ဖရုသီးကို စားသုံးနိုင်ပါတယ်။

၃။ ဘယ်ရီသီးများ

ဘယ်ရီသီးတွေဟာ အရသာရှိရုံသာမက အသုံးလည်းအလွန်ဝင်ပါတယ်။ စတော်ဘယ်ရီ၊ Raspberries ၊ စတဲ့ ဘယ်ရီသီးတွေဟာ ကယ်လိုရီပါဝင်မှု နည်းပါးကြပေမယ့် ချယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ တရုတ်ဆီးသီး၊ တလည်းသီးတို့တွင်တော့ သကြားပမာဏပါဝင်မှုများပြားတာကြောင့် သတိထားပြီး စားသုံးပါ။

၄။ ယို

လက်ဖက်ရည်နဲ့ မနက်ခင်းမှာ တွဲဖက်စားသုံးဖို့အတွက် သကြားလုံးအစား ပေါင်မုန့်ယိုသုတ်တစ်ချပ်ကို စားသုံးတတ်တဲ့သူများဆိုရင်တော့ စူပါမားကတ်တွေက ဝယ်တာမဟုတ်ဘဲ အိမ်မှာ ကိုယ်တိုင်ကိုယ်ကျလုပ်ထားပြီး သကြားပါဝင်မှုနည်းပါးတဲ့ ယိုကို စားသုံးခြင်းက အကောင်းဆုံးပါပဲ။

၅။ ကိတ်မုန့်များ

သကြားဓာတ်တွေ ကယ်လိုရီတွေ ပါဝင်မှုများပြားတဲ့ Muffin တွေ ကိတ်တွေကို လုံးဝမစားသုံးရဘူးဆိုတာဟာ ကိုယ်အလေးချိန်လျှော့ချလိုသူများ အတွက် စည်းကမ်းချက်တစ်ခုပါပဲ။ ဒါပေမယ့်လည်း အချိုကို လုံးဝမစားသုံးရတော့ဘူးလို့တော့ မဆိုလိုပါဘူး။ ပြောင်းမှုန့်၊ အုတ်ဂျုံမှုန့်တို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေကို အစားထိုးပြီး စားသုံးနိုင်ပါတယ်။

Source: BrightSide