မင်္ဂလာပါ ပျိုမေတို့ရေ… အိပ်ပျော်ဖို့အခက်အခဲဖြစ်တယ်ဆိုတာက တစ်ခါတစ်လေ အတွေးကမ္ဘာထဲမှာ နယ်ချဲ့သွားတာမျိုးတွေ၊ စိတ်ရှုပ်စရာကိစ္စ တစ်ချို့တွေကြောင့် တော်တော်နဲ့အိပ်မပျော်နိုင်တော့တာပဲဖြစ်ပါတယ်။ ကောင်းကောင်းအိပ်မပျော်ဘဲ မနက်မိုးလင်းတဲ့အခါမှာ စိတ်ထဲမှာ မကြည်မလင်နဲ့ဆိုတော့ တစ်နေ့တာလုံးက အဆင်မပြေစရာတွေလည်းဖြစ်လာနိုင်တာပေါ့။

ဒါကြောင့် အိပ်ပျော်ဖို့ခက်ခဲနေမယ်ဆိုရင် ဒီလိုအရာတွေကိုလုပ်ကြည့်သင့်ပါတယ်နော်။

အတွေးမလွန်ပါစေနဲ့

အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး အိပ်ယာထဲကိုဝင်လိုက်တာနဲ့ အကျိုးအကြောင်းမရှိတဲ့အရာမျိုးတွေ၊ စိတ်ကိုအနှောက်အယှက်ဖြစ်စေတဲ့အရာမျိုးတွေကို မစဉ်းစားမိအောင်ကြိုးစားပါ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ညစ်စရာအကြောင်းအရာတွေကို စဉ်းစားမိပြီဆိုထဲက တော်တော်နဲ့အိပ်မပျော်ကြတော့တာက များပါတယ်။

စိတ်ကြည်နူးစရာအကြောင်း

အိပ်ပျော်ဖို့ခက်ခဲနေပြီဆိုရင်တော့ တွေ့ကြုံဖူးတဲ့စိတ်ကြည်နူးစရာအကြောင်းလေးတွေကို ပြန်ပြီးတော့စဉ်းစားကြည့်လိုက်ပါ။ ဒီလိုဆိုရင် စိတ်ကလည်း တည်ငြိမ်လာပြီး ပြန်ပြီးတော့အိပ်ချင်စိတ် ပြန်ဖြစ်လာစေပါလိမ့်မယ်နော်။

အသက်ကိုရှုသွင်းရှုထုတ်လုပ်ပါ

အိပ်မပျော်တော့တဲ့အခါမှာ စိတ်တည်ငြိမ်အောင် ဘာကိုမှမစဉ်းစားတော့ပဲ အသက်ကိုရှုလိုက်ထုတ်လိုက် မိနစ်အနည်းငယ်လောက်လုပ်ပေးလိုက်ပါ။ ဒီလိုဆိုရင် စိတ်ကတည်ငြိမ်ပြီး လုပ်နေရင်းနဲ့ပဲ အိပ်ပျော်သွားပါလိမ့်မယ်နော်။

ဒီအချက်တွေကတော့ အိပ်ပျော်ဖို့ခက်ခဲနေတဲ့အချိန်မျိုးတွေမှာ လုပ်ပေးဖို့သင့်တော်တဲ့ အခြေခံအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ တကယ်လို့ အိပ်ပျော်ဖို့အခက်အခဲဖြစ်နေတဲ့အချိန်မျိုးမှာ ဒီနည်းလမ်းလေးတွေကို စမ်းပြီးတော့လုပ်ကြည့်သင့်ပါတယ်နော်။

Photo Source: Unsplash