လူသားတွေဟာ ခြေဗလာလမ်းလျှောက်ဖို့ ဖန်တီးထားတာဖြစ်ပေမယ့်လည်း နှစ်ပေါင်းမာျးစွာကြာမြင့်လာပြီးနောက်မှာတော့ ညစ်ပေတာတွေ၊ အချွန်အထက်တွေကို နင်းမိခြင်းမှ ကာကွယ်နိုင်ဖို့ ဖိနပ်တွေကို ဝတ်ဆင်လာကြပါတယ်။ ဒါပေမယ့်လည်း ခြေဗလာလျှောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးတွေပေးစွမ်းနိုင်တယ်ဆိုတာကို သင်သေချာမသိနိုင်သေးတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ခြေထောက်သွေးအားမြှင့်တင်ပေးခြင်း

ယနေ့ခေတ်လို တနေရာတည်းမှာ အချိန်အကြာကြီးထိုင်နေခြင်းက ခြေထောက်ရှိသွေးကို လုံလုံလောက်လောက်မရှိစေလို့ ခြေထောက်ထုံကြဉ်မှုကို ဖြစ်ပေါ်စေပါတယ်။ ခြေဗလာလမ်းလျှောက်သည့်အခါမှာတော့ ဖိအားကြောင့် ခြေထောက်ကိုသွေးတွေရောက်ရှိသွားမှာဖြစ်ပါတယ်။

၂။ နှလုံးရောဂါဖြစ်ပေါ်နိုင်ခြေကိုလျှော့ချပေးခြင်း

ခြေဗလာလမ်းလျှောက်ပေးခြင်းက သွေးခဲပျစ်မှုကိုကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။ ထိုမှတဆင့် နှလုံးသွေးကြောပိတ်ခြင်း၊ အမောဖောက်ခြင်းတို့လို့ နှလုံးရောဂါများဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

၃။ သွေးပေါင်ချိန်ကိုလျော့ကျစေခြင်း

ဖိနပ်မပါဘဲလမ်းလျှောက်သည့်အခါ ခြေထောက်ရှိသွေးကြောလေးများ အသက်ဝင်လာတာကြောင့် ကျန်းမာကြံ့ခိုင်သည့် သွေးပေါင်ချိန်ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ခြေထောက်မှ sensory receptors များသည် ခန္ဓာကိုယ်သန်စွမ်းနေစေဖို့ ဦးနှောက်ကိုအချက်များပေးပို့သည့်အတွက် ရောဂါပိုးများကူးစက်မှုကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးတာကြောင့် အအေးမိဖျားနာခြင်းတို့လို သာမန်ရောဂါများမှ ကာကွယ်ပေးမှာပါ။

၅။ စိတ်ဖိစီးမှုရှင်းလင်းစေခြင်း

မြက်ခင်းပြင်ပေါ် ခြေဗလာနဲ့လမ်းလျှောက်ပေးသူများသည် စိတ်လက်ပေါ့ပါးပြီး ငြိမ်သက်အေးချမ်းမှုကို ရရှိတယ်လို့ဆိုကြပါတယ်။ မနက်ခင်းမှာထိုကဲ့သို့လမ်းလျှောက်ပေးခြင်းက တနေ့တာလုံးတက်ကြွလန်းဆန်းနေစေနိုင်သလို ပိုမိုကောင်းမွန်စွာလည်း အိပ်စက်နိုင်မှာဖြစ်ပါတယ်။