မင်္ဂလာပါ ပျိုမေတို့ရေ… ဝိတ်ကျဖို့အတွက်ကြိုးစားနေကြပေမယ့် ဝိတ်ကျပြီးသွားတဲ့အချိန်မှာ ကြုံတွေ့ရမှာအရာတွေကလည်း ရှိနေပါသေးတယ်။ ဝိတ်ကျပြီးသွားရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘူးလေ။ တကယ်ဝိတ်ကျသွားတဲ့အချိန်မှာ အလှအပအတွက်ရော၊ တခြားအရာတွေအတွက်ပါ သိထားသင့်တာလေးတွေလည်းရှိပါတယ်။

အသားအရေအလှအပအတွက်

ဝိတ်ကျပြီးသွားတဲ့အချိန်မှာ အသားအရေကလျော့ရဲနေတာမျိုးတွေလည်းရှိတတ်ပါတယ်။ မျက်နှာအသားအရေဆိုရင်လည်း အရင်တုန်းကဝနေပြီးမှ အခုမှပိန်သွားတာမျိုးဆိုတော့ အသားအရေတင်းတင်းရင်းရင်းဖြစ်နေအောင် ထိန်းသိမ်းမှုလေးတွေလည်း ပြန်ပြီးတော့လုပ်ပေးရမှာပဲဖြစ်ပါတယ်။

အစားအသောက်တွေကိုပြန်ပြီးတော့စားကြည့်တဲ့အခါ

ဝိတ်ကျဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာ ဟိုဟာရှောင်ဒီဟာရှောင်နဲ့ဆိုတော့ တစ်ချို့အစားစာတွေကတော့ မစားဖြစ်တာ တော်တော်ကြာသွားလောက် ပါပြီ။ ဒါကြောင့် အစားစာတွေကိုပြန်ပြီးတော့ စားတဲ့အခါမှာ အရမ်းကိုစားလို့ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ဆင်ခြင်ဖို့တော့လိုပါလိမ့်မယ်နော်။

အဝတ်အစားနဲ့ပတ်သက်လာရင်

အရင်ကဝခဲ့ပြီး အခုပိန်သွားတော့ အရင်အဝတ်အစားတွေနဲ့လည်း သိပ်ပြီးတော့အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားမျိုးတွေကို ပြန်ပြီးတော့ရွေးချယ်နေရတာမျိုးတော့ ရှိလာမှာပဲဖြစ်ပါတယ်။

သူများရဲ့မနာလိုတာမျိုးကိုလည်းခံရနိုင်တယ်

တစ်ချို့စိတ်ဓာတ်မကောင်းတဲ့သူတွေကတော့ သူများလှနေတာကိုမြင်ရင် မနာလိုပြီးကဲ့ရဲ့ချင်ကြတယ်လေ။ ဒီလိုပဲ သင်ခန္ဓာကိုယ်လှပသွားတဲ့အချိန်မှာ မနာလိုတတ်တဲ့သူတွေကြောင့် နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်နော်။

သူများရဲ့အကြံဉာဏ်တောင်းတာကိုလည်းခံရနိုင်ပါတယ်

သင်လှပသွားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေက ဘယ်လိုနည်းလမ်းတွေသုံးလိုက်တာလဲ၊ အကြံကောင်းလေးပေးပါအုန်း စသည်ဖြင့် သင့်နားကိုချဉ်းကပ်လာတာမျိုးတွေကိုလည်း ကြုံတွေ့လာရနိုင်ပါတယ်။

ဒီလိုအချက်မျိုးတွေကို ကြုံတွေ့ရမယ်ဆိုပေမယ့် ဒါကစိတ်ရှုပ်စရာကောင်းတဲ့အရာမျိုးတော့ မဟုတ်ပါဘူးနော်။ သင့်ရဲ့အောင်မြင်မှုတစ်ခုလို့တောင် သတ်မှတ်လို့ရတဲ့အရာမျိုးပါ။

Photo Source: Pinterest