ကျွန်မတို့တွေအားလုံး ကိုယ်အလေးချိန်လျှော့ချဖို့တွေးလိုက်တိုင်း တကယ်လုပ်ကြည့်တဲ့အခါ ပင်ပန်းလို့ ရေရှည်မလုပ်နိုင်ကြပါဘူး။

ရေရှည်ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ကိုယ့်ကိုကိုယ်စိတ်ဓါတ်ဘယ်လိုမြင့်တင်မလဲ။ ပထမဆုံးတစ်ပတ်မှာတော့ ပုံမှန်လမ်းလျှောက်တယ် အစားလျှော့စားဖြစ်တယ် Gym ဆော့ဖြစ်ကြတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ စိတ်အားထက်သန်မှုတွေ လျှော့လျှော့လာပါတယ်။

ဒီတော့ ကိုယ်ကိုကိုယ်စိတ်အားထက်သန်မှုတွေရလာအောင် ဘယ်လိုစိတ်ဓါတ်မြင့်တင်မလဲ။

အောင်ပွဲခံပါ

ကိုယ်အလေးချိန် ၁၀ ပေါင်လောက်ကျချင်တယ်ဆိုပြီး အစားတွေကို သေချာဂရုစိုက်စားဖြစ်တယ်။ အဲဒီအခါမှာ ပေါင်နည်းနည်းကျသွားတယ်။ ၁ ပေါင်လောက်ပဲထားပါ။ အဲဒီအရာအပေါ်မှာ အောင်ပွဲခံပါ။

သူငယ်ချင်းတွေကို ကိုယ်အလေးချိန်ကျသွားကြောင်းပြောပါ။ ကိုယ့်အတွက် ကိုယ်အရမ်းကြိုက်တဲ့ ဝတ်စုံ ဖိနပ် စသဖြင့်ဝယ်ပြီး ကိုယ့်ကိုကိုယ်ဂုဏ်ပြုပါ။ တစ်ပတ်တန်သည် တစ်လတန်သည် ရည်မှန်းချက်နဲ့ ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုထားပါ။ ပြီးရင် ဆက်လုပ်ပါ။ ဝိတ်ကျရမယ်ဆိုတာထက် Gym မဖြစ်မနေကစားမယ်ဆိုတဲ့ စိတ်မွေးပါ။

ဈေးကြီးတဲ့ အားကစားဝတ်စုံတွေဝယ်ပါ

ဒီလိုပြောတာက တခြားကြောင့်မဟုတ်ပါဘူး။ ဈေးကြီးတာဝယ်ထားတော့ ဒီလောက်တောင်ဝယ်ထားပြီးပြီပဲ ငါမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စိတ်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကိုယ်အရမ်းလည်းကြိုက်တယ် ဈေးကြီးတဲ့ အားစကားဝတ်စုံတွေ ဖိနပ်တွေ ဝယ်ပါ။

အာရုံစိုက်ပါ

နောက်တစ်နည်းကတော့ ကိုယ့်ရဲ့လုပ်ဆောင်မှုအပေါ်မှာ အာရုံစိုက်ပါ။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့်Gymဆော့ဖို့ပျက်ခဲ့တယ်ဆိုရင် ဒါမှမဟုတ် လမ်းလျှောက်ဖို့ပျက်ခဲ့တယ်ဆိုရင် နောက်တစ်နေ့မှာ ၂၅ မိနစ်လောက် ပိုလျှောက်ပေးပါ။ ပိုလုပ်ပေးပါ။ ပြီးရင်မှန်တစ်ခုပေါ်မှာ ယုံကြည်မှုမပျက်နဲ့ လူတိုင်းကပြီးပြည့်စုံမနေဘူးလို့ ရေးထားပါ။

တစ်ချို့မိတ်ဆွေသူငယ်ချင်းတွေနဲ့မတွေ့ပါနဲ့

ကိုယ့်ကိုစိတ်ဓါတ်မတက်ကြွစေတဲ့သူ အပေါင်းအသင်းတွေဆီမသွားပါနဲ့။ စကားမပြောပါနဲ့။ ကိုယ့်ရဲ့လုပ်ဆော်ငချက်ကို ဟားတိုက်ရယ်မောနေတဲ့သူ ဒါမှမဟုတ် Gym သွားရမှာ ကျန်းမာရေးနဲညီညွှတ်တဲ့အစားအသောက်စားရမှာ နှမျောတဲ့သူတွေနဲ့ မတွေ့ပါနဲ့။

Source: Weightmove