သံလွင်ဆီဟာ ကျန်းမာရေးအတွက်သာမက အလှပအတွက်ပါအသုံးဝင်တာကြောင့် ကမ္ဘာပေါ်မှာ လူသိများတဲ့ အဆီတစ်မျိုးပါပဲ။ မပြည့်ဝဆီဖြစ်ပြီး သင့်ကို ကျန်းမာစေတဲ့ အဆီဖြစ်ပါတယ်။ ဆံကေသာနဲ့ အသားအရေအတွက်လည်း အကျိုးပြုတဲ့ ကွန်ပေါင်းဓာတ်တွေများစွာပါဝင်ပါတယ်။

သဘာဝပေါင်းဆေး

သံလွင်ဆီကို သဘာဝပေါင်းဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ကိုယ့်ဆံပင်အထူအပါးပေါ်မူတည်ပြီး သံလွင်ဆီကို ခွက်တစ်လုံးထဲ ထည့်ထားပါ။ ပြီးရင် Microwave နဲ့ အပူပေးလိုက်ပါ။ အဲဒီနောက် သိပ်မအေးခင်မှာ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ဦးရေပြားကိုပါ ပွတ်လိမ်းပေးရပါမယ်။ ပြီးရင် Shower Cap ဆောင်းပြီး ၁၅ မိနစ်ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာအတွက်

ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာကို ပြန်ပြီးပြုပြင်ပေးလို့ ထိခိုက်ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေလည်း သံလွင်ဆီကို အသုံးပြုပေးနိုင်ပါတယ်။

သံလွင်ဆီ နဲ့ ပျားရည်ကို ၃ ချိုး ၁ ချိုးရောလိုက်ပါ။ ပြီးရင် သေချာမွှေပြီး ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။ ဦးရေပြားကိုလည်း လိမ်းပေးပြီး Shower Cap ဆောင်းကာ မိနစ် ၄၀ ကနေ မိနစ် ၅၀ ထိထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ် အသုံးပြုပေးနိုင်ပါတယ်။