အသည်းက ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။ အသည်းက သွေးထဲကို စီးဆင်းသွားမယ့် အရာတွေမှာပါနေတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှား စီစစ်ပေးပါတယ်။

အသည်းမှာ အဆိပ်အတောက်တွေပြည့်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာများကို ဝေမျှပေးပါမယ်။

ကိုယ်အလေးချိန် မမျှော်လင့်ဘဲ အများကြီးတက်လာ

အသည်းထဲမှာ အဆိပ်အတောက်တွေအများကြီးရှိနေရင် အဆီကို ချေဖျက်ရာမှာ ခက်ပါတယ်။

ဒါ့ကြောင့် အသည်းမှာအဆိပ်အတောက်တွေရှိနေရင် ကိုယ်အလေးချိန်ထိန်းရခက်ပြီး ကယ်လိုရီနည်းတဲ့အစားအစာတွေစားနေရင်တောင်မှ ကိုယ်အလေးချိန်တက်နေမှာပါ။

ပင်ပန်းနွမ်းနယ်

နာတာရှည် ပင်ပန်းနွမ်းနယ်တွေတာက အသည်းမှာ အဆိပ်အတောက်တွေပြည့်နေတယ်ဆိုတဲ့ လက္ခဏာပါဘဲ။

ချွေးဆော်နံခြင်း

အသည်းရဲ့လုပ်ဆောင်ချက်က ခန္ဓာကိုယ်အပူချိန်နဲ့အနံ့အသက်ဆိုးတွေနဲ့ဆက်စပ်တယ်ဆိုတာ တော်တော်များများ သတိမထားမိကြပါဘူး။

အသည်းထဲမှာ အဆိပ်အတောက်တွေရှိနေရင် အလွန်အမင်း ချွေးထွက်ပြီး ချွေးနံ့တွေနံ့ဆော်နေပါလိမ့်မယ်။

ဝက်ခြံ

ရုတ်တရပ် ဝက်ခြံတွေအများကြီးထွက်လာတာက ဟော်မှုန်း ပြဿနာလည်းဖြစ်နိုင်သလို အသည်းပြဿနာလည်းဖြစ်နိုင်ပါတယ်။

ဝက်ခြံတွေက ကြီးပြီး ယောင်ယမ်းကာ အမာရွတ်ကြီးထင်တဲ့အထိ ကြီးတဲ့ ဝက်ခြံတွေအများကြီးထွက်လာရင်တော့ အသည်းမှာအဆိပ်အတောက်တွေ များနေတာကြောင့် ပိုဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် အရေပြားထက် အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

အလက်ဂျစ်

အသည်းထဲမှာ အဆိပ်အတောက်တွေများနေရင် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့နှုန်းတွေလျော့နည်းသွားပါတယ်။

ဒါ့ကြောင့် ယားယံတာတွေအလက်ဂျစ်တွေဖြစ်လာနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးတွေ

ခံတွင်းမှာအနံ့ဆိုးတွေကလည်း အသည်းမှာ အဆိပ်အတောက်တွေများနေတာကို ညွှန်ပြနေပါတယ်။ အဆိပ်အတောက်တွေများနေရင် အသည်းက သူ့လုပ်ငန်းဆောင်တာတွေလျော့နည်းသွားပြီး ခံတွင်းအနံ့တွေဆိုးစေပါတယ်။

Feature image source: Pineapple Diet