လည်ချောင်းနာရင် နေရထိုင်ရတာ အဆင်မပြေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ လည်ချောင်းအရမ်းနာနေရင် အစာစားချင်စိတ်တွေပါ ပျောက်လာတတ်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတာကို အိမ်တိုင်းမှာရှိတဲ့ နနွင်းမှုန့်နဲ့ သက်သာသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

Source: www.homesogood.com

လုပ်ရမယ့်ပုံစံကတော့ ရေနွေးထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲကို နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်စာထည့်ပြီး မွှေပါ။ ပြီးရင်တော့ အာလုတ်ကျင်းပေးရပါမယ်။ တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးရမှာပါ။

Source: www.stylecraze.com

လည်ချောင်းနာတာ သိပ်မဆိုးသေးရင်တော့ တစ်ရက်ထဲနဲ့ သက်သာစေပါတယ်။ လည်ချောင်းအရမ်းနာနေရင်တော့ နှစ်ရက်၊ သုံးရက်နဲ့တင် ပျောက်ကင်းသွားမှာပါ။