မျက်မှန်တပ်ထားတဲ့သူတွေ အချင်းချင်းပဲ သိနားလည်ကြပါတယ်နော်။ အဓိကကြုံတွေ့ရတဲ့ ပြဿနာကတော့ မျက်မှန်ရှာပုံတော်ဖွင့်တာ အခိုးရိုက်လို့ပဲဖြစ်ဖြစ် အဆီပြန်လို့ဖြစ်ဖြစ် ဖုန်တက်လို့ဖြစ်ဖြစ် မျက်မှန်သားမမြင်ရတော့တာတွေပါပဲ။ ကဲ အလွယ်တကူ ဖြေရှင်းလိုက်ရအောင်ပါ။

မျက်မှန်ကို သုတ်မယ်ဆိုရင်

မျက်မှန်သုတ်မယ်ဆိုရင် အင်္ကျီ အစနဲ့ပဲ အလွယ်တကူ သုတ်လိုက်ကြတာများပါတယ်။ ဒါမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။ မျက်မှန်သုတ်တဲ့ ပုဝါအမြဲလိုလိုဆောင်ထားပါ။

မျက်မှန်ထားတဲ့နေရာကို မှတ်ထားပါ

အရေးအကြောင်းဆိုရင် မျက်မှန်ရှာရခက်ပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်ထားပါ။ ကိုယ်ဘယ်မှာထားမိလဲဆိုတာ မှတ်မိနေစေဖို့လိုပါတယ်။ မဟုတ်ရင် နီးရက်နဲ့ မျက်မှန်ကပျောက်နေတတ်ပါတယ်။

မျက်မှန်ကိုဆေးပါ။

မျက်မှန်ကို ဆေးတဲ့အခါမှာ အရက်မပါတဲ့ အရည်နဲ့ဆေးပါ။ ရှလကာရည်ပါတာလည်းမသုံးဘဲ မျက်မှန်ကို မျက်မှန်ဆေးတဲ့အရည်နဲ့ပဲဆေးသင့်ပါတယ်။

မျက်မှန်မှာ အခိုးရိုက်တာကို ကာကွယ်ပါ။

မျက်မှန်မှာ အခိုးရိုက်တဲ့ ပြဿနာက လူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ မျက်မှန်ကို အခိုးရိုက်တာသက်သာစေတဲ့ မှန်သားရွေးဝယ်ပါ။

မျက်မှန်ကို ဘီးကုတ်လိုမသုံးပါနဲ့။

မျက်နှာသစ်တဲ့အခါ မျက်မှန်ကို ခေါင်းပေါ်တင်ထားမယ့်အစား ဘေလ်စင်ပေါ်မှာတင်ထားပါ။

မျက်မှန်ကိုင်း အရမ်းသေးတာ အရမ်းကျယ်တာမသုံးပါနဲ့။

နားနဲ့အနေတော်အရွယ်အစားပဲ ပိုကောင်းပါတယ်။

မျက်မှန်ကို လေးထောင့်အစား ပုံစံသွင်းထားတာ သုံးပါ။

မျက်မှန်ကျယ်ကျယ် ဝိုင်းဝိုင်း (သို့) မျက်မှန်ကိုင်းထူထူးအစား မျက်မှန်မှာ Shape ပါတာသုံးပါ။ သင့်ရဲ့ မျက်နှာကို ပိုပြီး သေးသွယ်စေမှာဖြစ်ပြီး မျက်လုံးကြည့်ရတာလည်း ပိုပြီးအဆင်ပြေပါတယ်။

ကားမောင်းမယ်ဆိုရင်

ကားမောင်းမယ်ဆိုရင် မျက်မှန်ထည့်တဲ့နေရာ (သို့) ခွက်တစ်ခုခုမှာ မျက်မှန်ကို တင်ထားပါ။ ဘုတ်ပေါ်မှာ တင်ထားတာမျိုးမလုပ်ပါနဲ့နော်။

မျက်မှန်ကို အမြန်ပြင်ပါ။

မျက်မှန်တစ်ခုခုဖြစ်သွားရင် အမြန်ပြင်ပါ။ သွားတိုက်တံက မျက်မှန်ကိုင်းပြုတ်သွားတာအတွက် အကောင်းဆုံးပါပဲ။